တီးတိန်မြို့ထဲကို စစ်ကောင်စီတပ်အင်အား ၆၀၀ လောက် ဝင်ရောက်နေရာယူ

မေ ၉၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်ကို မေလ ၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀၀ ဝန်းကျင်လောက်ဟာ တပ်ကုန်းကို အင်အားဖြည့်ဖို့ ဝင်ရောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၈ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ တက်လာတဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တီးတိန်မြို့အဝင် ကြိုဆိုပါ၏ ကို ရောက်လာတာလို့ ဆိုပါတယ်။

“ကနေဒီတောင်ဘက်မှာ တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်တပ်တွေ မြို့ထဲဝင်လာတာပါ။ အင်အားတော်တော်များတယ်၊ မြို့ထဲက တပ်ကုန်းကို အင်အားသွားဖြည့်တာပါ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

Zalen ad

မေ ၁ ရက်နေ့ကတည်း တီးတိန်မြို့ဘက်ကို တက်လာတဲ့ ဒီစစ်ကြောင်းဟာ မေ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ချင်းတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ချင်းညီနောင်ပူးပေါင်းတပ်တွေက အတတ်နိုင်ဆုံး ခုခံတားဆီးခဲ့ပေမယ့် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ရှိန်မြှင့်ပြီး တက်လာတာကြောင့် ကနေဒီတောင်ကို လက်လွတ်ခဲ့ရပြီး အခုလို မြို့ထဲအထိ ရောက်လာတာဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီတပ်တွေဟာ တီးတိန်မြို့ထဲမှာ ဝင်ရောက်နေရာယူထားပြီဖြစ်လို့ မြို့ခံတွေလည်း စိုးရိမ်တကြီး စောင့်ကြည့်နေကြရပါတယ်။

မြို့သိမ်းတိုက်ပွဲ ဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် တီးတိန်မြို့က ဒေသခံအများစုဟာ အိန္ဒိယနယ်စပ်နဲ့ ကလေးမြို့ဘက်မှာ တိမ်းရှောင်နေကြပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆Zalen လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ ...

ဆက်ဖတ်ရန်