တီးတိန်မြို့နယ်တွင် ကားတစ်စီးချောက်ထဲကျကာ ၂ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တုန်းဇန်းကျေးရွာကနေ ကလေးမြို့သို့ ဒိုင်နာကားတစ်စီးဆင်းရာ ဒိမ်လို ကျေးရွာအနီးတွင် ယာဉ်မတော်တဆမှုဖြစ်ကာ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိတယ်လို့သတင်းရရှိပါတယ်။

ဇွန်လ ၂၀ ရက်က ဒိုင်နာယာဉ်တစ်စီးဟာ လမ်းဘေးအနက်ပေ ၆၀၀ ကျော်အနက်သို့ကျသွားရာ ယာဉ်ပေါ်က လူ ၈ ယောက်စလုံး တီးတိန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကြပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူနာ ၄ ဦးကို ကလေးမြို့သို့ပြောင်းရွေ့က တီးတိန်ပြည်သူ့ဆေးရုံက လူနာလွှဲလိုက်တာကြောင့် ကလေးမြို့သို့သွားစဉ် အဲ့ဒီည ၉ နာရီခွဲတွင် လမ်းခရီးမှာ ဦးထန်ခွာကျင်သွောင် ကွယ်လွန်သွားခဲ့ပါတယ်။

လူနာ ၃ ဦးကို ကလေးမြို့သို့ဆက်လက်ပို့ဆောင်ဟာ ဦးသွောလ်ဇမ်ကို မန္တလေးဆေးရုံသို့ထပ်မံလွှဲပြောင်းတာကြောင့် ဇွန် ၂၁ ရက်တွင် မန္တလေးသို့သွားစဉ် လမ်းခရီးတွင် ဦးသွောလ်ဇမ်ကွယ်လွန်သွားပါတယ်။

အခြားလူနာ ၆ ဦးကတော့ အခြေအနေကတော့ ပိုမိုတိုးတက်လာတယ်လို့လည်းသိရတယ်။

Zawgyi

တီးတိန္ၿမိဳ႕နယ္တြင္ ကားတစ္စီးေခ်ာက္ထဲက်ကာ ၂ ဦးေသဆံုး၊ ၆ ဦးဒဏ္ရာရ

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ တုန္းဇန္းေက်း႐ြာကေန ကေလးၿမိဳ႕သို႔ ဒိုင္နာကားတစ္စီးဆင္းရာ ဒိမ္လို ေက်း႐ြာအနီးတြင္ ယာဥ္မေတာ္တဆမႈျဖစ္ကာ ၂ ဦးေသဆုံးၿပီး ၆ ဦးဒဏ္ရာရရွိတယ္လို႔သတင္းရရွိပါတယ္။

ဇြန္လ ၂၀ ရက္က ဒိုင္နာယာဥ္တစ္စီးဟာ လမ္းေဘးအနက္ေပ ၆၀၀ ေက်ာ္အနက္သို႔က်သြားရာ ယာဥ္ေပၚက လူ ၈ ေယာက္စလံုး တီးတိန္ျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္ၾကပါတယ္။ ဒဏ္ရာျပင္းထန္တဲ့ လူနာ ၄ ဦးကို ကေလးၿမိဳ႕သို႔ေျပာင္းေရြ႕က တီးတိန္ျပည္သူ႔ေဆးရံုက လူနာလႊဲလုိက္တာေၾကာင့္ ကေလးၿမိဳ႕သို႔သြားစဥ္ အဲ့ဒီည ၉ နာရီခြဲတြင္ လမ္းခရီးမွာ ဦးထန္ခြာက်င္ေသြာင္ ကြယ္လြန္သြားခဲ့ပါတယ္။

လူနာ ၃ ဦးကို ကေလးၿမိဳ႕သို႔ဆက္လက္ပို႔ေဆာင္ဟာ ဦးေသြာလ္ဇမ္ကို မႏၱေလးေဆးရံုသို႔ထပ္မံလႊဲေျပာင္းတာေၾကာင့္ ဇြန္ ၂၁ ရက္တြင္ မႏၱေလးသို႔သြားစဥ္ လမ္းခရီးတြင္ ဦးေသြာလ္ဇမ္ကြယ္လြန္သြားပါတယ္။

အျခားလူနာ ၆ ဦးကေတာ့ အေျခအေနကေတာ့ ပိုမိုတိုးတက္လာတယ္လုိ႔လည္းသိရတယ္။

နောက်ဆုံးရသတင်းများ

ရေဇွာမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလို့ စစ်ကောင်စီဘက်မှလေကြောင်းအသုံးပြုလာ

၂၈ ၊ နိုဝင်ဘာ ၊ ၂၀၂၃ Zalen ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ ရေဇွာ မြို့ စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့သိရပါတယ်။ ရေဇွာ မြို့အခြေစိုက်စခန်းသိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၂၆ ...

ဆက်ဖတ်ရန်