တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တို့ တိုက်ပွဲဖြစ်

အောက်တိုဘာ ၃၀၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ ချင်းတော်လှန်ရေးတပ်ဘက်က တစ်ဦး ကျဆုံးခဲ့ပြီး လက်ရှိမှာ နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

” ကလေးကတက်လာတဲ့ စစ်ကြောင်းနဲ့ မနေ့က တိုက်ပွဲဖြစ်တယ်။ ရဲဘော်တစ်ယောက်ကျတယ်။ ဒီနေ့တော့ တိုက်ပွဲမရှိပေမယ့် အခြေအနေကတော့ တင်းမာနေတဲ့ အနေအထားပေါ့။ ” လို့ စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

တီးတိန်မြို့ပေါ်က တပ်ကုန်းကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်ကစပြီး ၂၉ ရက်အထိ တပ် အင်အား၊ လက်နက်ခဲယမ်းအများအပြား ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

လက်ရှိ တီးတိန်မြို့ပေါ်‌ကနေ စစ်ကောင်စီတပ်တွေဟာ တီးတိန်- သိုင်းငင်း – တီးတိန်လမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး ဆဲဇန်ရွာကို ရောက်ရှိနေပြီလို့ သိရပါတယ်။

အောက်တိုဘာ ၂၈ ရက်‌ နေ့ ည ၁၁နာရီ ၀န်းကျင်မှာ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးထိခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူတွေ အသုံးပြုတဲ့ တောလမ်းတွေကိုလည်း လုံခြုံရေးအရ ခေတ္တပိတ်ထားမယ်လို့ CDF CDM Siyin က အောက်တိုဘာ ၂၇ က ထုတ်ပြန်ထားပါတယ်။

Mary

Photo: CDF CDM Siyin

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်