ချင်းပြည်နယ်၊ တီးတိန်မြို့အနီး တီးတိန် နဲ့ ကလေးသွားတဲ့ကားလမ်းပေါ် ကနေဒီတောင်ခြေမှာရှိတဲ့ ဆိုဇန်ကျေးရွာတွင် စက်တင်ဘာ ၂၇ ရက် မနက် ၅ နာရီလောက်က ကားလမ်းအထက်ပိုင်းကနေ မြေပြိုကျလာတာကြောင်း လူနေအိမ် ၄ လုံးပျက်စီးသွားတယ်လို့သတင်းရရှိပါတယ်။
စက်တင်ဘာလဆန်းပိုင်းတွင် မြေပြိုလို့ ဒေါ်ခိုင်ခန့်ဟွေရဲ့အိမ် လုံးလုံးပျက်စီးသွားပြီး ဘေးတဖက်တချက်က နေအိမ် ၂ လုံးအနည်းငယ်ပျက်စီးသွားပါတယ်။
အဲ့ဒါကြောင့်အိမ်ရှင်တွေဟာ ၄င်းတို့အိမ်မှာမနေရဲကြတော့ဘဲ ပြောင်းရွေ့ကြပါတယ်။ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက မြေပြိုမှုတွင် အနည်းငယ်ပျက်စီးသွားတဲ့ အိမ် ၂ လုံးကို ရစရာမရှိအောင်ပျက်စီးစေပြီး အိမ်အောက် လမ်းက အိမ်တစ်လုံးကိုမြေစာဖိလို့ယိုင်နှဲ့သွားပါတယ်။
ရွာသားတစ်ဦးက “လူအထိအခိုက်တော့မရှိဘူး။ လမ်းဘေးအိမ်ကလူတွေတော့ ပြောင်းတာကြာပြီ။ လမ်းအောက်ဘက်ကအိမ်ကတော့ မနက်ပိုင်းမှာအသံကြားလို့ ပြတင်းပေါက်ကနေပြေးကြတယ်တဲ့။ အခုမြေပြိုတဲ့နေရာက လွန်ခဲ့တဲ့ ၂ နှစ်လောက်စပြီး အက်ကွဲကြောင်းတွေပေါ်လာတယ်။ အထဲမှာမိုးရေတွေဝင်ပြီး အခု အလွှာလိုက်ပြိုကျတော့တာပဲ။ တီးတိန်ကနေ ကလေးမြို့ကိုမနက်ပိုင်းသွားလို့မရဘူး။ စက်ကြီးနဲ့ရှင်းလို့ ညနေပိုင်းမှာ ယာယီသွားလို့ရတယ်။ ဒါပေမယ့် မြေစာက ကားအစီး ၁၀၀ လောက်တိုက်ဖို့ကျန်သေးတယ်။ မနေ့ညက တညလုံး မိုးသည်းနေတာ” လို့ပြောပါတယ်။
ဆိုဇန်ကျေးရွာဟာ ကလေး-တီးတိန်-ရိခေါ်ဒါရ် ကားလမ်းပေါ်မှာတည်ရှိပြီး တီးတိန်နဲ့ ၁၄ မိုင်အကွာ၊ ကလေးမြို့နဲ့ ၄၄ မိုင်မှာတည်ရှိပါတယ်။
ဆက်လက်ပြီး ဆိုဇန်ရွာသားတစ်ဦးက “ဒီမနက်ထိ မြေပြိုတာထပ်မရှိသေးဘူး။ ကားလမ်းပွင့်ပါသေးတယ်။ မိုးကတော့ မနေ့ညနဲ့ ဒီမနက်ထိဆက်ရွာနေတုန်းပဲ။ ဒါကြောင့် ကားလမ်းအခြေအနေက ပြောလို့မရဘူး” လို့ပြောပါတယ်။
လုံးလုံးပျက်စီးသွားတဲ့ နောက်ထပ် အိမ် ၂ လုံးကတော့ ဦးဟန်ခန့်အန်ရှန်းမာန်ရဲ့နေအိမ်နဲ့ ဦးထန်ဆွန်မာန် နေအိမ်ဖြစ်ပါတယ်။ ကားလမ်းအောက်ဘက် မြေစာဖိလို့ယိုင်နှဲ့သွားတဲ့အိမ်ပိုင်ရှင်က ဦးငိုဇာကျင်ဖြစ်ပါတယ်။
Zawgyi
တီးတိန္-ကေလးလမ္းၾကား ဆိုဇန္ေက်းရြာတြင္ ကားလမ္းေပၚ ေျမျပိဳလို႔ အိမ္ ၄ လံုးပ်က္စီး
ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕အနီး တီးတိန္ နဲ႔ ကေလးသြားတဲ့ကားလမ္းေပၚ ကေနဒီေတာင္ေျခမွာရွိတဲ့ ဆိုဇန္ေက်းရြာတြင္ စက္တင္ဘာ ၂၇ ရက္ မနက္ ၅ နာရီေလာက္က ကားလမ္းအထက္ပိုင္းကေန ေျမျပိဳက်လာတာေၾကာင္း လူေနအိမ္ ၄ လံုးပ်က္စီးသြားတယ္လုိ႔သတင္းရရွိပါတယ္။
စက္တင္ဘာလဆန္းပိုင္းတြင္ ေျမျပိဳလုိ႔ ေဒၚခုိင္ခန္႔ေဟြရဲ႕အိမ္ လံုးလံုးပ်က္စီးသြားၿပီး ေဘးတဖက္တခ်က္က ေနအိမ္ ၂ လံုးအနည္းငယ္ပ်က္စီးသြားပါတယ္။
အဲ့ဒါေၾကာင့္အိမ္ရွင္ေတြဟာ ၄င္းတို႔အိမ္မွာမေနရဲၾကေတာ့ဘဲ ေျပာင္းေရြ႕ၾကပါတယ္။ စက္တင္ဘာ ၂၇ ရက္ မနက္ပိုင္းက ေျမျပိဳမႈတြင္ အနည္းငယ္ပ်က္စီးသြားတဲ့ အိမ္ ၂ လံုးကို ရစရာမရွိေအာင္ပ်က္စီးေစၿပီး အိမ္ေအာက္ လမ္းက အိမ္တစ္လံုးကိုေျမစာဖိလို႔ယိုင္ႏွဲ႔သြားပါတယ္။
ရြာသားတစ္ဦးက “လူအထိအခိုက္ေတာ့မရွိဘူး။ လမ္းေဘးအိမ္ကလူေတြေတာ့ ေျပာင္းတာၾကာၿပီ။ လမ္းေအာက္ဘက္ကအိမ္ကေတာ့ မနက္ပိုင္းမွာအသံၾကားလို႔ ျပတင္းေပါက္ကေနေျပးၾကတယ္တဲ့။ အခုေျမျပိဳတဲ့ေနရာက လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္စၿပီး အက္ကြဲေၾကာင္းေတြေပၚလာတယ္။ အထဲမွာမိုးေရေတြဝင္ၿပီး အခု အလႊာလိုက္ျပိဳက်ေတာ့တာပဲ။ တီးတိန္ကေန ကေလးၿမိဳ႕ကိုမနက္ပိုင္းသြားလို႔မရဘူး။ စက္ၾကီးနဲ႔ရွင္းလို႔ ညေနပိုင္းမွာ ယာယီသြားလုိ႔ရတယ္။ ဒါေပမယ့္ ေျမစာက ကားအစီး ၁၀၀ ေလာက္တုိက္ဖို႔က်န္ေသးတယ္။ မေန႔ညက တညလံုး မိုးသည္းေနတာ” လို႔ေျပာပါတယ္။
ဆိုဇန္ေက်းရြာဟာ ကေလး-တီးတိန္-ရိေခၚဒါရ္ ကားလမ္းေပၚမွာတည္ရွိၿပီး တီးတိန္နဲ႔ ၁၄ မိုင္အကြာ၊ ကေလးၿမိဳ႕နဲ႔ ၄၄ မိုင္မွာတည္ရွိပါတယ္။
ဆက္လက္ၿပီး ဆိုဇန္ရြာသားတစ္ဦးက “ဒီမနက္ထိ ေျမျပိဳတာထပ္မရွိေသးဘူး။ ကားလမ္းပြင့္ပါေသးတယ္။ မိုးကေတာ့ မေန႔ညနဲ႔ ဒီမနက္ထိဆက္ရြာေနတုန္းပဲ။ ဒါေၾကာင့္ ကားလမ္းအေျခအေနက ေျပာလို႔မရဘူး” လို႔ေျပာပါတယ္။
လံုးလံုးပ်က္စီးသြားတဲ့ ေနာက္ထပ္ အိမ္ ၂ လံုးကေတာ့ ဦးဟန္ခန္႔အန္ရွန္းမာန္ရဲ႕ေနအိမ္နဲ႔ ဦးထန္ဆြန္မာန္ ေနအိမ္ျဖစ္ပါတယ္။ ကားလမ္းေအာက္ဘက္ ေျမစာဖိလုိ႔ယိုင္ႏွဲ႔သြားတဲ့အိမ္ပိုင္ရွင္က ဦးငိုဇာက်င္ျဖစ္ပါတယ္။