တွန်းဇံမြို့နယ် ဇလွီးချောင်းနားမှာ စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်

မေ ၁၄၊ ‌၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် နဲ့ ZRA ပူးပေါင်း ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းဟာ ဇလွီးချောင်းအနီးကိုရောက်ရှိလာပြီး ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ မေ ၁၃ ရက်နေ့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ဒရုန်းတွေနဲ့ အပြန်အလှန် ဗုံးကြဲတိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးမြို့ဘက်ကနေ တီးတိန်မြို့ကို စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ZRA အဖွဲ့နဲ့ ပူးပေါင်းပြီး အင်အား ၈၀၀ ပါစစ်ကြောင်းနဲ့ မေ ၁၁ ရက်နေ့မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ တွန်းဇံမြို့ဘက်ကို ဦးတည် ထိုးစစ်ဆင်လာတာပါ။

တိုက်ပွဲအတွင်းမှာ ZRA တပ်ဖွဲ့၀င် ရှစ်ဦး သေဆုံးခဲ့ပါတယ်။

” စစ်ကြောင်းနဲ့ ချင်းပူးပေါင်းတပ်တွေက ဇလွီးချောင်းမှာ ထိတွေ့မှုရှိတာပေါ့နော်။ စစ်ကြောင်းမှာ ထိပ်ဆုံးနဲ့ နောက်ဆုံးမှာ ZRA တွေ လိုက်တာဆိုတော့ အသေခံခိုင်းသလိုပါပဲ။ လောလောဆယ် ZRA ရှစ်ဦး ကျထားပြီ။ ” လို့ စစ်ရေးအခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ တွန်းဇံမြို့ကို ကာကွယ်ဖို့ CNA၊ CDF-Tonzang၊ R-CDF နဲ့ Zo Army စတဲ့ ချင်းလက်နက်ကိုင် ၄ ဖွဲ့က အသင့်ပြင်ထားသလို မဟာမိတ်တွေလည်း ပူးပေါင်းဖို့ ပြင်ဆင်ထားကြပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံမြို့ပေါ်က ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ဘေးရှောင်တွေဟာ မိုးရွာသွန်းမှုတွေကြားမှာ မိုးကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

CDF-တွန်းဇံက မေလ ၁၁ ရက်နေ့ကစလို့ တီးတိန်-တွန်းဇံ လမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ပါတယ်။

Mary

ဓာတ်ပုံ- ပုံဟောင်း

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်