ထန်တလန်မြို့တွင် လူနေအိမ်သုံးလုံးမီးလောင် မြေးအဘိုးနှစ်ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ထန်တလန်မြို့ အမှတ် (၁)ရပ်ကွက် တင်းနစ်ကွင်းပတ်လမ်းရှိ လူနေအိမ် ၃ လုံးဟာ ဒီမနက် ၂ နာရီခန့်ကမီးလောင်လို့ မြေးအဘိုးနှစ်ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦးဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ အမှတ်(၁)ရပ်ကွက် တင်းနစ်ကွင်းပတ်လမ်းရှိ ဦးချွန်လျန် (၉၀ နှစ်)နေအိမ် ၂ ထပ်၊ သွပ်မိုး၊ ပျဉ်ထောင်အိမ်မှ မီးကြွင်းမီးကျန်ကနေ မီးစတင်လောင်သွားရာ အနီးရှိ ဦးရွှေပဲန်း (၆၄နှစ်) နေအိမ် ၁ ထပ်သွပ်မိုး၊ ပျဉ်ထောင်အိမ်မီးလောင်ပြီး ဦးငွန်ဘွဲနေအိမ် ၁ ထပ် သွပ်မိုး၊ ပျဉ်ထောင်အိမ် တစ်ခြမ်း ကူးစက်လောင်ကျွမ်းသွားပါတယ်။

မီးစတင်လောင်ကျွမ်းရာနေအိမ်ပိုင်ရှင်ဖြစ်တဲ့ ဦးချွန်လျန် (၉၀ နှစ် နဲ့ ၎င်းရဲ့မြေး မောင်ကျူံးဟူးလျန် (၁၀ နှစ်) စတုတ္ထတန်းကျောင်းသားတို့သေဆုံးပြီး ဒေါ်ဇိန်လှဲန်း (၅၂ နှစ်) နဲ့ ဒေါ်ဖမ်မွေဘောရ် (၂၈ နှစ်) တို့မှာမီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)အနည်းငယ်ရရှိကြပါတယ်။

၎င်းမီးကို မြို့နယ် မီးသတ်ယာဉ် (၃)စီးနဲ့ မီးငြိမ်းသတ်ရာ မနက် ၂ နာရီခွဲခန့်တွင် လုံးဝမီးငြိမ်းသတ်နိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေ နှိပ်စက်ညှဥ်းပန်းခံရကြောင်း Fortify Rights ပြော

ဇွန် ၂၁၊ ၂၀၂၅။ Zalen မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာဒုက္ခသည်တွေကို အာဏာပိုင်တွေက နှိပ်စက်ညှဥ်းပန်း အကြမ်းဖက်ခံနေရတယ်လို့ လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ဇွန်လ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ...

ဆက်ဖတ်ရန်