ထန်တလန်မြို့နယ် ဝမ်သူးကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဒီမနက်စွန့်ခွာကြ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ ဝမ်သူးကျေးရွာ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီနေ့ စက်တင်ဘာ ၃၀ မနက် ၁၀ နာရီခွဲလောက်မှာ စစ်ရဟတ်ယာဉ်တစ်စီးဆင်းလာပြီး လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ဝမ်သူးကျေးရွာဟာ ထန်တလန်မြို့ကနေ ၄၅ မိုင်ကွာဝေးပြီး ယင်းတပ်စခန်းမှာ စစ်ကောင်စီတပ် ၈ ယောက်ရှိပါတယ်။

ဝမ်သူးရွာဒေသခံတဦးက “မနေ့က ရွာသားတွေဆီမှာ ဆန်အိတ် ၂၀ ရောင်းကြတယ်။ ဒီနေ့မှာ ဆီ၊ပဲ၊ ငါးပိနဲ့တခြားဟာတွေ လာရောင်းကြတယ်” လို့ပြောပါတယ်။

ယနေ့ ချင်းပြည်နယ် တွန်းဇံမြို့တွင်လည်း စစ်ရဟတ်ယာဉ် ၂ ကြိမ်ပျံသန်းပြီး ဟားခါးမြို့တွင်လည်း စစ်ရဟတ်ယာဉ်နဲ့ အကျဉ်းသားတွေ လာရောက်သယ်ဆောင်သွားတယ်လို့သိရတယ်။

Zalen ad

Zawgyi

ထန္တလန္ၿမိဳ႕နယ္ ဝမ္သူးေက်းရြာက စစ္ေကာင္စီတပ္စခန္းကို ဒီမနက္စြန္႔ခြာၾက

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္ရွိ ဝမ္သူးေက်းရြာ စစ္ေကာင္စီတပ္စခန္းတစ္ခုကို ဒီေန႔ စက္တင္ဘာ ၃၀ မနက္ ၁၀ နာရီခြဲေလာက္မွာ စစ္ရဟတ္ယာဥ္တစ္စီးဆင္းလာၿပီး လာေရာက္သယ္ေဆာင္သြားတယ္လုိ႔ ေဒသခံေတြထံမွသတင္းရရွိပါတယ္။

ဝမ္သူးေက်းရြာဟာ ထန္တလန္ၿမိဳ႕ကေန ၄၅ မိုင္ကြာေဝးၿပီး ယင္းတပ္စခန္းမွာ စစ္ေကာင္စီတပ္ ၈ ေယာက္ရွိပါတယ္။

ဝမ္သူးရြာေဒသခံတဦးက “မေန႔က ရြာသားေတြဆီမွာ ဆန္အိတ္ ၂၀ ေရာင္းၾကတယ္။ ဒီေန႔မွာ ဆီ၊ပဲ၊ ငါးပိနဲ႔တျခားဟာေတြ လာေရာင္းၾကတယ္” လုိ႔ေျပာပါတယ္။

ယေန႔ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕တြင္လည္း စစ္ရဟတ္ယာဥ္ ၂ ၾကိမ္ပ်ံသန္းၿပီး ဟားခါးၿမိဳ႕တြင္လည္း စစ္ရဟတ္ယာဥ္နဲ႔ အက်ဥ္းသားေတြ လာေရာက္သယ္ေဆာင္သြားတယ္လုိ႔သိရတယ္။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်