ထန်တလန်မြို့နယ် ဝမ်သူးကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဒီမနက်စွန့်ခွာကြ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ ဝမ်သူးကျေးရွာ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒီနေ့ စက်တင်ဘာ ၃၀ မနက် ၁၀ နာရီခွဲလောက်မှာ စစ်ရဟတ်ယာဉ်တစ်စီးဆင်းလာပြီး လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ဝမ်သူးကျေးရွာဟာ ထန်တလန်မြို့ကနေ ၄၅ မိုင်ကွာဝေးပြီး ယင်းတပ်စခန်းမှာ စစ်ကောင်စီတပ် ၈ ယောက်ရှိပါတယ်။

ဝမ်သူးရွာဒေသခံတဦးက “မနေ့က ရွာသားတွေဆီမှာ ဆန်အိတ် ၂၀ ရောင်းကြတယ်။ ဒီနေ့မှာ ဆီ၊ပဲ၊ ငါးပိနဲ့တခြားဟာတွေ လာရောင်းကြတယ်” လို့ပြောပါတယ်။

ယနေ့ ချင်းပြည်နယ် တွန်းဇံမြို့တွင်လည်း စစ်ရဟတ်ယာဉ် ၂ ကြိမ်ပျံသန်းပြီး ဟားခါးမြို့တွင်လည်း စစ်ရဟတ်ယာဉ်နဲ့ အကျဉ်းသားတွေ လာရောက်သယ်ဆောင်သွားတယ်လို့သိရတယ်။

Zawgyi

ထန္တလန္ၿမိဳ႕နယ္ ဝမ္သူးေက်းရြာက စစ္ေကာင္စီတပ္စခန္းကို ဒီမနက္စြန္႔ခြာၾက

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္ရွိ ဝမ္သူးေက်းရြာ စစ္ေကာင္စီတပ္စခန္းတစ္ခုကို ဒီေန႔ စက္တင္ဘာ ၃၀ မနက္ ၁၀ နာရီခြဲေလာက္မွာ စစ္ရဟတ္ယာဥ္တစ္စီးဆင္းလာၿပီး လာေရာက္သယ္ေဆာင္သြားတယ္လုိ႔ ေဒသခံေတြထံမွသတင္းရရွိပါတယ္။

ဝမ္သူးေက်းရြာဟာ ထန္တလန္ၿမိဳ႕ကေန ၄၅ မိုင္ကြာေဝးၿပီး ယင္းတပ္စခန္းမွာ စစ္ေကာင္စီတပ္ ၈ ေယာက္ရွိပါတယ္။

ဝမ္သူးရြာေဒသခံတဦးက “မေန႔က ရြာသားေတြဆီမွာ ဆန္အိတ္ ၂၀ ေရာင္းၾကတယ္။ ဒီေန႔မွာ ဆီ၊ပဲ၊ ငါးပိနဲ႔တျခားဟာေတြ လာေရာင္းၾကတယ္” လုိ႔ေျပာပါတယ္။

ယေန႔ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕တြင္လည္း စစ္ရဟတ္ယာဥ္ ၂ ၾကိမ္ပ်ံသန္းၿပီး ဟားခါးၿမိဳ႕တြင္လည္း စစ္ရဟတ္ယာဥ္နဲ႔ အက်ဥ္းသားေတြ လာေရာက္သယ္ေဆာင္သြားတယ္လုိ႔သိရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်