နိုင်ငံခြားလုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်နိုင်တဲ့ ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

၁၉၊ ဖေဖော်ဝါရီ၊ ၂၀၂၅

Zalen

နိုင်ငံခြားလုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ပြဌာန်းလိုက်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ပူပေါင်းလုပ်ဆောင်ဖို့ ရှိနေချိန်မှာပဲ အခုလို ပြဌာန်းထုတ်ပြန်လိုက်တာပါ။

Zalen ad

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေထဲမှာ နိုင်ငံခြားလုံခြုံရေးကုမ္ပဏီနဲ့ ပြည်တွင်းက လုံခြုံရေး ကုမ္ပဏီတွေဟာ လိုအပ်တဲ့ လက်နက်၊ ခဲယမ်းကိုင်ဆောင်ခွင့်ကို ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်ရယူပြီး လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ဖော်ပြပါတယ်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေဟာ စစ်ကောင်စီရဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားရင် ငြင်းပယ်ခြင်းမပြုဖို့လည်း ဥပဒေမှာ ပြဌာန်းထားပါတယ်။

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လိုသူတွေအနဲ့ လိုင်စင်လျှောက်ထားဖို့လိုပြီး မြန်မာကုမ္ပဏီဖြစ်ရင် ငွေကျပ်သိန်းတစ်ထောင်နဲ့ နိုင်ငံခြားကုမ္ပဏီဖြစ်ရင် ငွေကျပ်သိန်းတစ်ထောင်နဲ့ ညီမျှတဲ့ နိုင်ငံခြားသုံးငွေကို စာရင်းသေ အပ်ငွေအဖြစ် ထားရှိမယ်လို့လည်း ဖော်ပြထားပါတယ်။

နိုင်ငံခြားလုံခြုံရေး ကုမ္ပဏီတွေမှာ မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်းပါဝင်ရမှာဖြစ်ပြီး လိုင်စင်လျှောက် ထားသူတွေဟာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေတဲ့ သတင်းထွက်ရှိသူတွေကို ခွင့်ပြုပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

လုံခြုံရေးလုပ်ငန်းဆောင်ရွက်နေချိန် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကိုထိခိုက်စေတဲ့ သတင်းရရှိရင် စစ်ကောင်စီရဲ့ ရဲစခန်းတွေကို သတင်းပေးပို့ရမယ်လို့ သတ်မှတ်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်