ပြည်တော်သာရွာတိုက်ပွဲမှာ စစ်ကောင်စီကဖမ်းဆီးထားတဲ့ PDF ရဲဘော်တစ်ဦး လက်ချောင်းတွေဖြတ်ပြီးမီးရှို့ထားတဲ့အလောင်းပြန်တွေ့

ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာအနီးမှာ ဧပြီလ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီဖမ်းဆီးထားတဲ့ (Lalramhngaka) ကိုလာလ်ရမ်ငှကာ-၂၄ နှစ်ဟာ လက်ချောင်းတွေဖြတ်ထားပြီး မီးရှို့ထားတဲ့အလောင်းကို ဒီကနေ့ ဧပြီ ၁၆ ရက်နေ့က ပြန်တွေ့ရှိတယ်လို့သတင်းရရှိကြောင်းသတင်းရရှိပါတယ်။

PDF Kalay တပ်ရင်း-၁၂ က တပ်သားကိုလာလ်ရမ်ငှကာအလောင်းကို ပြည်တော်သာကျေးရွာအနီး နေကြာခင်းထဲမှာတွေ့ရှိပြီး အလောင်းမှာ လက်ချောင်းတွေဖြတ်ခံရတဲ့အပြင် လက်မောင်းမှာဓားနဲ့မွန်းထားတာ မျက်နှာမှာညိုမဲရာတွေ ခန္ဓာကိုယ်တပိုင်း မီးလောင်ဒဏ်ရာတွေတွေ့ရှိတယ်လို့သိရတယ်။

ကိုလာလ်ရမ်ငှကာနဲ့ရဲဘော်တွေဟာ ဆည်တောဦးဘက်ကတက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်တော်သာရွာအရှေ့ဘက်တွင် နေရာယူထားပြီး ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်ဆုတ်တဲ့ချိန်မှာ ပြည်တော်သာရွာဘက်တွင်လည်း စစ်ကောင်စီတပ်တွေရောက်နေတာကြောင့်လူစုကွဲသွားကြပြီး စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံရပါတယ်။

ကိုလာလ်ရမ်ငှကာရဲ့အလောင်းကို ယနေ့တွင် မြေမြုပ်သဂြိုလ်ကြပါတယ်။ ဧပြီ ၁၃ ရက် ပြည်တော်သာတိုက်ပွဲမှာ PDF Kalay ဘက်က ၄ ဦးကျဆုံးသွားကြောင်းသိရတယ်။

Zawgyi

ျပည္ေတာ္သာရြာတိုက္ပြဲမွာ စစ္ေကာင္စီကဖမ္းဆီးထားတဲ့ PDF ရဲေဘာ္တစ္ဦး လက္ေခ်ာင္းေတြျဖတ္ၿပီးမီးရိႈ႕ထားတဲ့အေလာင္းျပန္ေတြ႔

ကေလးၿမိဳ႕နယ္၊ ျပည္ေတာ္သာေက်းရြာအနီးမွာ ဧၿပီလ ၁၃ ရက္ေန႔က စစ္ေကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔ေတြတုိက္ပြဲျဖစ္ပြားစဥ္ စစ္ေကာင္စီဖမ္းဆီးထားတဲ့ (Lalramhngaka) ကိုလာလ္ရမ္ငွကာ-၂၄ ႏွစ္ဟာ လက္ေခ်ာင္းေတြျဖတ္ထားၿပီး မီးရိႈ႕ထားတဲ့အေလာင္းကို ဒီကေန႔ ဧၿပီ ၁၆ ရက္ေန႔က ျပန္ေတြ႔ရွိတယ္လုိ႔သတင္းရရွိေၾကာင္းသတင္းရရွိပါတယ္။

PDF Kalay တပ္ရင္း-၁၂ က တပ္သားကိုလာလ္ရမ္ငွကာအေလာင္းကို ျပည္ေတာ္သာေက်းရြာအနီး ေနၾကာခင္းထဲမွာေတြ႔ရွိၿပီး အေလာင္းမွာ လက္ေခ်ာင္းေတြျဖတ္ခံရတဲ့အျပင္ လက္ေမာင္းမွာဓားနဲ႔မြန္းထားတာ မ်က္ႏွာမွာညိဳမဲရာေတြ ခႏၶာကိုယ္တပိုင္း မီးေလာင္ဒဏ္ရာေတြေတြ႔ရွိတယ္လုိ႔သိရတယ္။

ကိုလာလ္ရမ္ငွကာနဲ႔ရဲေဘာ္ေတြဟာ ဆည္ေတာဦးဘက္ကတက္လာတဲ့ စစ္ေကာင္စီတပ္ကို ျပည္ေတာ္သာရြာအေရွ႕ဘက္တြင္ ေနရာယူထားၿပီး ပစ္ခတ္မႈေတြျဖစ္ပြားၿပီးေနာက္ဆုတ္တဲ့ခ်ိန္မွာ ျပည္ေတာ္သာရြာဘက္တြင္လည္း စစ္ေကာင္စီတပ္ေတြေရာက္ေနတာေၾကာင့္လူစုကြဲသြားၾကၿပီး စစ္ေကာင္စီတပ္ရဲ႕ဖမ္းဆီးျခင္းခံရပါတယ္။

ကိုလာလ္ရမ္ငွကာရဲ႕အေလာင္းကို ယေန႔တြင္ ေျမျမဳပ္သၿဂိဳလ္ၾကပါတယ္။ ဧၿပီ ၁၃ ရက္ ျပည္ေတာ္သာတိုက္ပြဲမွာ PDF Kalay ဘက္က ၄ ဦးက်ဆံုးသြားေၾကာင္းသိရတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်