ဖလမ်းမြို့နယ်မှာ ဒီနေ့ အိမ်တစ်လုံးမီးလောင်

ဖလမ်းမြို့နယ် လွန်ခွားကျေးရွာ(Lunkhua) ဒီနေ့ နံနက် (၈း၃၀)မှာ တောင်ယာသွားစဉ် အိမ်တစ်လုံးမီးလောင်သွားတယ်လို့သတင်းရရှိပါတယ်။

ဦးဗန်လျန်ထန်တို့မိသားစုဟာ နံနက်ပိုင်းတောင်ယာသွားကြပြီး အိမ်မှာ အဖွားတစ်ယောက်နဲ့ (၃)နှစ်အရွယ်ကလေးတစ်ယောက်သာ အိမ်မှာထားခဲ့ပါတယ်။ လွန်ခွားရွာဟာ အိမ်ခြေ (၁၈)အိမ်ရှိပြီး ဒီမနက်ရွှာထဲမှာတော့ ကာလသား(၆)ယောက်လောက်သာရှိပါတယ်။

လွန်ခွားကျေးရွာ တည်နေရာ

Zalen ad

လွန်ခွားရွာသား ဦးလောမ်ဇွာလ်က “မီးစလောင်တာက မီးဖိုဘက်ကစလောင်းတာပါ။ မီးလောင်တယ်လို့သိတဲ့ချိန်မှာ အိမ်ထဲမှာမီးကူးနေပါပြီ။ ဒါကြောင့် ဘာပစ္စည်းမယူနိုင်ကြဘူး။ ရွာနီးနားကလူတွေကလည်း လာကူကြပါတယ်။ တခြားအိမ်မီးမကူးအောင်ပဲ မီးတားလို့ရတယ်။ အိမ်တော့ ပြာကျသွားတာပေါ့။ အခု ယာယီတဲလေးဆောက်နေကြပါတယ်”လို့ပြောပါတယ်။

လွန်ခွားကျေးရွာဟာ ဖလမ်းမြို့ကနေ မိုင်(၂၀)ဝေးပြီး ဖလမ်း-ရိမ်လမ်းအနီးမှာရှိပါတယ်။ ဦးဗန်လျန်ထန်မှာ ကလေးသုံးယောက်ရှိပြီး အငယ်ဆုံးကလေးက (၃)နှစ်သားဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်