ဖလမ်းနဲ့ မတူပီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ ၉ ဦးသေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် နဲ့ မတူပီမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးတယ်လို့ သတင်းရရှိပါတယ်။

ဒီမနက် ဖလမ်းမြို့ကနေ စစ်ကား ၂၂ စီးဟာ ကလေးမြို့ဘက်သို့ဆင်းရာ ပါရ်သဲကျေးရွာအနီးတွင် CNDF က လက်ဦးမှုယူပြီးတိုက်ခိုက်ရာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၅ ဦးသေဆုံးသွားတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ကသတင်းထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး မတူပီမြို့နယ် မတူပီ-ပလက်ဝကားလမ်းပေါ်ရှိ ထယ်ဘေးကျေးရွာ အခြေစိုက် စစ်ကောင်စီတပ် စခန်းကို ဒီနေ့မနက် ၁၁ နာရီကျော်တွင် CDF Matupi က ထိုးစစ်ဆင်ပစ်ခတ်ရာ စစ်ကောင်စီ ၄ ဦးသေဆုံးသွားပါတယ်။

ဒါ့ပြင် မတူပီ-မင်းတပ်လမ်းမပေါ်ရှိ မတူပီမြို့နယ် ခြန်းပြန်း(ခ)ရွာတွင်နေထိုင်တဲ့ ဦးလောင်နိုးဟာ နွားနောက်ရှာရင်း စစ်ကောင်စီတပ်တွေထောင်ထားတဲ့ မိုင်းနင်မိလို့ ယနေ့ နေ့လည် ၁ နာရီခွဲလောက်ကသေဆုံးသွားတယ်လို့ CDF Matupi ကထုတ်ပြန်ထားပါတယ်။

Zawgyi

ဖလမ္းနဲ႔ မတူပီၿမိဳ႕နယ္တြင္ တိုက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီ ၉ ဦးေသဆံုး

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ နဲ႔ မတူပီၿမိဳ႕နယ္တြင္ ယေန႔ ေဖေဖာ္ဝါရီလ ၁၁ ရက္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရးတပ္ေတြတုိက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီတပ္သား ၉ ဦးေသဆံုးတယ္လုိ႔ သတင္းရရွိပါတယ္။

ဒီမနက္ ဖလမ္းၿမိဳ႕ကေန စစ္ကား ၂၂ စီးဟာ ကေလးၿမိဳ႕ဘက္သို႔ဆင္းရာ ပါရ္သဲေက်းရြာအနီးတြင္ CNDF က လက္ဦးမႈယူၿပီးတိုက္ခိုက္ရာ အာဏာသိမ္းစစ္ေကာင္စီတပ္သား ၅ ဦးေသဆံုးသြားတယ္လို႔ ခ်င္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္၊ သတင္းျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဌာန ကသတင္းထုတ္ျပန္ထားပါတယ္။

ဆက္လက္ၿပီး မတူပီၿမိဳ႕နယ္ မတူပီ-ပလက္ဝကားလမ္းေပၚရွိ ထယ္ေဘးေက်းရြာ အေျခစိုက္ စစ္ေကာင္စီတပ္ စခန္းကို ဒီေန႔မနက္ ၁၁ နာရီေက်ာ္တြင္ CDF Matupi က ထိုးစစ္ဆင္ပစ္ခတ္ရာ စစ္ေကာင္စီ ၄ ဦးေသဆံုးသြားပါတယ္။

ဒါ့ျပင္ မတူပီ-မင္းတပ္လမ္းမေပၚရွိ မတူပီၿမိဳ႕နယ္ ျခန္းျပန္း(ခ)ရြာတြင္ေနထိုင္တဲ့ ဦးေလာင္ႏိုးဟာ ႏြားေနာက္ရွာရင္း စစ္ေကာင္စီတပ္ေတြေထာင္ထားတဲ့ မိုင္းနင္မိလို႔ ယေန႔ ေန႔လည္ ၁ နာရီခြဲေလာက္ကေသဆံုးသြားတယ္လုိ႔ CDF Matupi ကထုတ္ျပန္ထားပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်