ဖလမ်းမြို့တွင် ဒလန်တစ်ယောက်လက်ဖက်ရည်သောက်စဉ် သေနတ်နဲ့အပစ်ခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ကျင်မွှာလ်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် အကြီးစားဒလန်လို့နာမည်ကြီးနေတဲ့ ဆည်မြောင်းဌာန လ၊ထ အင်ဂျင်နီယာ ဦးသန်းဝင်း (၆ဝနှစ်ခန့်) လက်ဖက်ရည်သောက်စဉ် ယနေ့ ညနေ ၂ နာရီခွဲလောက်က အမည်မသိလူတစ်စုက သေနတ်နဲ့ ၂ ကြိမ်ပစ်သွားတယ်လို့ သတင်းရရှိပါတယ်။

ဦးသန်းဝင်းဟာ အရင်ကတည်းက သတိပေးခံရတာဖြစ်ပြီး ဖလမ်းမြို့ကနေပျောက်ဆုံးကာ မကြာသေးခင်ကပဲ ဖလမ်းမြို့လူမြင်ကွင်းမှာပြန်ပေါ်လာပါတယ်။

မျက်မြင်တစ်ယောက်က “ဂျိုင်းအောက်မှာတစ်ချက်၊ ဗိုက်မှာတစ်ချက် အပစ်ခံရတယ်။ ၃ ဘီးတစ်စီးကိုချောဆွဲပြီးတော့ ပြည်သူ့ဆေးရုံကိုပို့ကြတယ်။ သေ၊ မသေတော့ မသိရသေးဘူး။ စစ်သားနဲ့ ရဲတွေရောက်လာလို့ အနီးကပ်ကြည့်လို့မရဘူး။ ဆိုင်တွေလည်း ပိတ်ကုန်ကြပြီ။ အိမ်ထဲထိ စစ်ဆေးတာတွေတော့မရှိဘူး” လို့ပြောပါတယ်။

Zawgyi

Zalen ad

ဖလမ္းၿမိဳ႕တြင္ ဒလန္တစ္ေယာက္လက္ဖက္ရည္ေသာက္စဥ္ ေသနတ္နဲ႔အပစ္ခံရ

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕ က်င္မႊာလ္ရပ္ကြက္ရွိ လက္ဖက္ရည္ဆိုင္တြင္ အၾကီးစားဒလန္လို႔နာမည္ၾကီးေနတဲ့ ဆည္ေျမာင္းဌာန လ၊ထ အင္ဂ်င္နီယာ ဦးသန္းဝင္း (၆ဝႏွစ္ခန႔္) လက္ဖက္ရည္ေသာက္စဥ္ ယေန႔ ညေန ၂ နာရီခြဲေလာက္က အမည္မသိလူတစ္စုက ေသနတ္နဲ႔ ၂ ႀကိမ္ပစ္သြားတယ္လို႔ သတင္းရရွိပါတယ္။

ဦးသန္းဝင္းဟာ အရင္ကတည္းက သတိေပးခံရတာျဖစ္ၿပီး ဖလမ္းၿမိဳ႕ကေနေပ်ာက္ဆံုးကာ မၾကာေသးခင္ကပဲ ဖလမ္းၿမိဳ႕လူျမင္ကြင္းမွာျပန္ေပၚလာပါတယ္။

မ်က္ျမင္တစ္ေယာက္က “ဂ်ဳိင္းေအာက္မွာတစ္ခ်က္၊ ဗိုက္မွာတစ္ခ်က္ အပစ္ခံရတယ္။ ၃ ဘီးတစ္စီးကိုေခ်ာဆြဲၿပီးေတာ့ ျပည္သူ႔ေဆးရံုကိုပို႔ၾကတယ္။ ေသ၊ မေသေတာ့ မသိရေသးဘူး။ စစ္သားနဲ႔ ရဲေတြေရာက္လာလို႔ အနီးကပ္ၾကည့္လို႔မရဘူး။ ဆုိင္ေတြလည္း ပိတ္ကုန္ၾကၿပီ။ အိမ္ထဲထိ စစ္ေဆးတာေတြေတာ့မရွိဘူး” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်