ဖလမ်းမြို့နယ်မှာ စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်၊ လေယာဥ်လေးစီးဖြင့်တစ်ပြိုင်နက်တိုက်ခိုက်

နို၀င်ဘာလ ၁၇၊ ၂၀၂၅။

Zalen

ကလေးမြို့နယ်၊ နတ်ချောင်းရွာမှတဆင့် ‌‌ဖလမ်းမြို့နယ်၊ ‌‌‌‌ဝေဘူလမြို့ကနေတက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ဟာ ဖလမ်းမြို့နယ်အရှေ့ဘက်မှာ အပြင်းထန်တိုက်ပွဲဖြစ်ပွားပြီး နေ့လယ်ပိုင်းမှာ လေယာဥ်လေးစီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံမှ သတင်းရရှိပါတယ်။

စစ်ကောင်စီကိုတိုက်ခိုက်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဟာ CNDF နဲ့ CNA လို့စုံစမ်းသိရှိရပါတယ်။

Zalen ad

ဖလမ်းမြို့နယ် ‌ဒေသခံတစ်ဦးက “ဒီမနက်ကစပြီး တိုက်ပွဲဖြစ်တဲ့အသံကြားရတယ်။ နေ့လယ်ပိုင်းထိ အသံမဆဲသေးဘူး။ နေ့လယ် ၂ နာရီလောက်က ဂျက်လေယာဥ် နှစ်စီး၊ Y12 လေယာဥ်နှစ်စီးနဲ့ တပြိုင်နက်တိုက်ခိုက်လာတာတွေ့ရပါတယ်။ ဗုံးကြဲတဲ့နေရာကတော့ တောထဲမှာပါ“လို့ပြောပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွားတာကြောင့် ဖလမ်းမြို့အနီးက ရွာသားများဟာ ဘေးလွတ်ရာသို့ ကြိုတင်စစ်ရှောင်ထားကြကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့နယ်တောင်ပိုင်းကို ထိုးစစ်ဆင်လာပြီး နို၀င်ဘာလဆန်းတွင် နတ်ချောင်းမှတဆင့် ‌ဝေဘူလမြို့ကိုတက်လာကြပါတယ်။ ယင်းစစ်ကြောင်းပေါ်က ဟားခါးလေးကျေးရွာကို မီးရှို့ပြီး ‌ေ၀ဘူလမြို့က ဒေသခံတွေကို ဖမ်းဆီးကာ လမ်းပြအဖြစ်ခေါ်ဆောင်ကြပါတယ်။

သတင်း-Xoxer

ဓာတ်ပုံ- လူမှုကွန်ရက်

#Zalen #Falam #စစ်ကောင်စီ #‌ဝေဘူလမြို့ #ဗုံးကြဲ #CNA #CNDF

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်