ဖလမ်းမြို့နယ် သစ်တောရုံး မီးလောင်မှုဖြစ်ပွား

ဖလမ်းမြို့လယ်ခေါင် Farthawk (ဖာရ်ထောက်)ရပ်ကွက် မှာရှိတဲ့ မြို့နယ်သစ်တောဦးစီးဌာနရုံးဟာ ဒီဇင်ဘာ (၁၈)ရက် ည ၁၂ နာရီကျော်က မီးလောင်မှုဖြစ်ပွားပြီး မနက် ၁ နာရီမှာ မီးငြိမ်းသတ်နိုင်တယ်လို့ သတင်းရရှိပါတယ်။

မြို့နယ်သစ်တောဦးစီးဌာနရုံးအနီးတွင် စည်ပင်ရုံး၊ မြို့တော်ခန်းမ၊ အိုးအိမ် နဲ့ လူနေအိမ်တွေ ကပ်ရပ်ရှိပေမယ့် ပြည်သူတွေ၊ မီးသတ် နဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းခြင်းအားဖြစ် အခြားအိမ်တွေမီးမကူးဘဲ ကာကွယ်နိုင်ပါတယ်။

ဖလမ်းမြို့နယ် စည်ပင် ဥက္ကဌ ဦးဒါရ်လျန်အုပ်က “အပေါ်ထပ်အိမ်သာဘက်က လျှပ်စစ် Main switch ရှိတဲ့နေရာကနေ မီးစလောင်တယ်။ အနီးက စည်ပင်ရုံး၊ မြို့တော်ခန်းမ နဲ့ အိုးအိမ်တွေလည်း မီးခိုးထွက်နေပြီ။ ဒါပေမယ့် မီးမကူးအောင် ကာကွယ်နိုင်တယ်။ ကံကောင်းတာက လေမတိုက်လို့ ကာကွယ်နိုင်တာပါ။ ရုံးထဲမှာ လူမရှိဘူးထင်တာပဲ။ ဒီရုံးက တော်တော်ဟောင်းနေပြီ။ ဖြိုဖျက်ပြီးတော့ အသစ်ပြန်ဆောက်ဖို့ စီစဉ်နေကြတဲ့အချိန်လည်းဖြစ်တယ်” လို့ပြောပါတယ်။

မြို့နယ် သစ်တော်ဦးစီးဌာနရုံးဟာ ပေ 40 x 32 နှစ်ထပ်အိမ်ဖြစ်ပြီး အပေါ်ပိုင်းက ပျဉ်ထောင်နဲ့ ကာထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်