ဖလမ်းမြို့ပေါ်မှာ စစ်ဆင်ရေးပြုလုပ်ရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးနိုင်ပြီး ဒဏ်ရာရသူတစ်ချို့ရှိနေ

၁၀၊ ဇွန်လ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို MJ ပရောဂျက်အမည်ဖြင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF တပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးနိုင်ပြီး ဒဏ်ရာရသူတစ်ချို့ရှိတယ်လို့သတင်းရရှိပါတယ်။

မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်ရင်း စစ်ကောင်စီတွေကို မှဲ့ခြွေတဲ့အနေနဲ့ ဇွန်လ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ မြို့ပေါ်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားရောက်ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ ရှိခဲ့တာလို့သိရပါတယ်။

“ဖလမ်းမြို့ပေါ်လမ်းဆုံနားနဲ့ ဆောက်လုပ်ရေးရုံးမှာ တပ်စွဲထားတဲ့ စကစတွေကို ဇွန်လ ၈ ရက် ညနေ ၃ နာရီလောက်မှာ သွားရောက် ပစ်ခတ်ခဲ့တယ်။ပြီးတော့ မနေ့ဇွန်လ ၉ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ် ဝန်းကျင်မှာ ရဲစခန်းမှာ တပ်စွဲထားတဲ့ စခ တွေကို စနိုက်ပါနဲ့သွားပစ်တာပေါ့။အဲဒီပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၂ ဦးတော့သေဆုံးသွားတယ်လို့ မျက်မြင်တွေ့တဲ့ ပြည်သူနဲ့ ကျွတော်တို့ ရဲဘော် တွေကပြောကြတယ်။အခုနောက်ပိုင်း ဖလမ်းမြို့ပေါ်တပ်ကုန်းက စခတွေက သူတို့သတင်း မပေါက် ကြားအောင် သေချာလုပ်ထားတာဆိုတော့ သတင်းရဖို့က အရင်လိုမလွယ်တော့ဘူး။လမ်းဆုံက စခတွေ သွားပစ်တဲ့ အချိန်မှာ ကျွန်တော်တို့ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရသွားတယ်”လို့ CNO/CNDF ပြောခွင့်ရ Salai Timmy က Zalen ကိုပြောပါတယ်။

CNDF တပ်ဖွဲ့အပါအဝင် ချင်းညီနောင်တပ်ဖွဲ့ဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ ချင်းပြည်နယ်က သူတို့ထိန်းချုပ်မှု နယ်မြေအတွင်းမှာရှိတဲ့ မြို့တွေကို သိမ်းပိုက်နိုင်ဖို့ အပြင်းအထန်ပြင်ဆင်နေတဲ့ အချိန်ဖြစ်ပြီး ပြည်သူများအနေနဲ့ စိုးရိမ်လွန်ပြီးမနေကြဖို့၊ တိုက်ပွဲများဖြစ်လာမယ်ဆိုရင် လူသားချင်းစာနာထောက်ထားမှု ဌာနဘက်ကနေ စစ်ဘေးရှောင်မယ့် နေရာတွေကို ကြိုတင်ပြင်ဆင်ထားတာတွေလည်းရှိကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် ဒီအချိန်ဟာ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်နိုင်ဖို့ အဓိကထား ပြင်ဆင်နေတဲ့ အချိန် ဖြစ်တာကြောင့် ချင်းညီနောင်ပဲ ဖြစ်ဖြစ် ချင်းလဲန်းကောင်စီပဲဖြစ်ဖြစ် ရည်မှန်းချက်တူ ကြိုစားနေတဲ့ အချိန်ဖြစ် တာ ကြောင့် အွန်လိုင်းပေါ်ကနေ အစွန်းရောက် ပြောကြား၊ရေးသားနေ တဲ့လူတွေအနေနဲ့ သတိထားဖို့၊ ချင်းညီနောင်နဲ့ ချင်းလဲန်းကောင်စီက လူတွေဟာ ချင်းဆိုတဲ့ထဲမှာ ညီအကိုတွေဖြစ်တာကြောင့် နောက်နောင် မခေါ်ချင်လည်း ပြန်ခေါ်၊ မချစ်ချင်လည်းပြန်ချစ်ရမယ့် လူတွေဖြစ်တာကြောင့် အလွန်အကျွံပြစ်တင်ရေးသား ပြောဆိုတာတွေကို နှစ်ဖက် အားပေးသူတွေအနေနဲ့ သတိထားဖို့ ကိုလည်း Salai Timmy က သတိပေး ပြောကြားထားပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်