မင်းတပ်မြို့နယ်တွင်စစ်ငကာင်စီကလေကြောင်းတိုက် ခိုက်မှုထပ်မံပြုလုပ်

၁၉ ၊ ဇူလိုင် ၊၂၀၂၄

Zalen

ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်တွင် ဇူလိုင် ၁၈ ရက် ညပိုင်းနဲ့ ဇူလိုင် ၁၉ မနက်အစောပိုင်းတွင်အကြမ်း ဖက် စစ်ကောင်စီက Y-12 ၊ ဂျက်ဖိုက်တာအမျိုအစား

နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဇူလိုင် ၁၈ ရက် ည ၁၂ နာရီ၀န်းကျင် အချိန်မှာ ကင်း ထောက် တိုက်ခိုက်ယာဉ်အမျိုးအစား Y-12 ဖြင့် မင်းတပ်မြို့နယ် အနောက်ခြမ်း (၉၊ ၁၄၊၁၆)မိုင် လမ်းမကြီးတစ်လျှောက်ကို အကြိမ် ၂၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁၉ ရက် မနက် အစောပိုင်း ၅ နာရီ ၀န်းကျင်မှာလည်း ၎င်း နေရာကို ဂျက်ဖိုက်တာက နှစ်ကြိမ် ပေါင် ၅၀၀ဗုံးသီး ၄လုံး၊Y-12 လေယာဉ် က ၁၅ ကြိမ်ထက်မ နည်း တစ်ခါပစ် ဗုံးသီး ၅ လုံးဖြင့် တစ်နာရီ၀န်းကျင်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သတင်း ရရှိပါတယ်။

လေကြောင်းပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒေသခံတစ်ဉီးက” မနက်အစောကြီးဂျက်ဖိုက်တာလာလို့ပြေးရတယ်၊ဒေါက်ဒွေရွာ ရဲ့ အပေါ်နားမှာ၊(၉ ၊၁၄၊၁၆)မိုင်လမ်းမတစ်လျှောက်အကုန်ပစ်တာ၊Y-12ကတော့ ညကလည်းပစ်တယ်၊အဲဒီနေရာမှာပဲ မနက်ပြန်ပစ်တယ်၊တစ်ခါပစ်ရင် ၅လုံး၊အခါ ၂၀ လောက်ရှိမှာပစ်တာ၊အသံက တောက်လျှောက်ကြားရတယ်ဗျ၊ဖုန်းလိုင်းကအဲဒီဖက်ဆက်မရဘူး၊အထိအခိုက်သေချာမသိရသေးဘူးဗျ ” လို့ Zalen ကိုပြောပါတယ်။

မင်းတပ်မြို့နယ်အနောက်ခြမ်း (၉၊၁၄၊၁၆)မိုင် လမ်း မ တစ်လျှောက် ကို စစ်ကောင်စီက ဇူလိုင် ၁၀ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလိုဇူလိုလ ၁၇ ရက်တုန်းကလည်းဘောင်ကျေးရွာဘုန်းကြီး ကျောင်း ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ပြည်သူတစ်ဉီးသေ၊တစ်ဦးဒဏ်ရာ ရကာ လူနေအိမ်များလည်းထိ ခိုက်ခဲ့တယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

ချင်းဖိုက်တာ MT Timothy ဒီညနေ ကစ်ဘောက်ဆင်ပွဲထိုးမယ်

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၄Zalen ချင်းလူငယ်ဖိုက်တာ MT Timothy ကတော့ နိုဝင်ဘာလ ၃၀ ရက် ဒီညနေ မလေးရှားစံတော်ချိန် ၃ နာရီဝန်းကျင် မှာ ကစ်ဘောက်ဆင်ပွဲပြန်လည်ထိုးသတ်တော့မယ်လို့သိရပါတယ်။ ချင်းဖိုက်တာဟာ ဒီတစ်ခါမှာတော့ မလေးရှား လူငယ်ဖိုက်တာ ...

ဆက်ဖတ်ရန်