မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု သုံးရက်ဆက်တိုက်ပြုလုပ်

မေ ၁၃ ၊၂၀၂၆
Zalen

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

ဒီကနေ့ ညနေ ၄ နာရီ၀န်းကျင်တုန်းကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ တကြိမ် လာရောက် ဗုံးကြဲသွားတယ်လို့ ဆိုပါတယ်။

” နှစ်စီးလာတယ် ။ ပထမအစီးက ကြဲသွားတယ်။ မီးခိုးလုံးတော့မြင်နေရတယ်။ အတိအကျတော့မသိရဘူး။ စက်မှုလက်မှုကျောင်းနား ဖြစ်မယ်” လို့ ဒေသခံတဦးက Zalen ကိုပြောပါတယ်။

Zalen ad

ဆက်လက်ပြီး ထိခိုက်မှုအခြေအနေကိုလည်း ဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

ညနေ ပိုင်းတုန်းကလည်း မင်းတပ်မြို့ပေါ် နေရာအချို့မှာ အမတ ၃၆၈ တပ်ရင်းက ကင်းထောက် ဒရုန်းတစီး ပျံဝဲနေတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်က မင်းတပ်မြို့ပေါ်ရှိ စက်မှုလက်မှုကျောင်းအပါအ၀င် ဌာနဆိုင်ရာရုံးတွေကို ဂျက်ဖိုက်တာ ၅ စီး နဲ့ မီးလောင်ဗုံးတွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မေလ ၁၁ နဲ့ ၁၂ ရက် နေ့ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း အပါအ၀င် ၄ ဦးသေဆုံးခဲ့ပြီး ၊ လူနေအိမ် ၁၅ လုံး ၊ဌာနဆိုင်ရာအဆောက်အဦးတွေ အများအပြား ပျက်စီးခဲ့တာဖြစ်ပါတယ်။

သတင်း – မိုးပီအောင်
ဓာတ်ပုံ – ပေးပို့

နောက်ဆုံးရသတင်းများ

မင်းတပ် နဲ့ ကန်ပက်လက်ကို ဂျက်ဖိုက်တာ ၊ Y-12 တွေနဲ့ လှည့်ပတ်ပြီး ဗုံးကြဲ

ဇွန် ၂၄ ၊၂၀၂၆Zalen ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ် ၊ ကန်ပက်လက် မြို့တွေကို စစ်ကောင်စီတပ်က ဗုံးကြဲလေယာဉ်တွေနဲ့ လှည့်ပတ်ပြီး ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ် ၊ကန်ပက်လက် ဒေသတွေမှာ ...

ဆက်ဖတ်ရန်