မင်းတပ်မြို့ပေါ်တွင် အမျိုးးသမီးတစ်ဦး စစ်ကောင်စီထောင်ထားတဲ့ မိုင်း နင်းမိ ပြီး ခြေထောက်တဖက်ထိခိုက်ဟုသိရ

၂၇ ၊ဩဂု‌တ် ၊၂၀၂၄

Zalen

မင်းတပ်မြို့ပေါ်၊စံပြရပ်ကွက်၊လျှပ်စစ်ရုံးအနီးရှိအိမ် ၀န်းတွင် စစ်ကောင်စီထောင်ထားသော နင်းမိုင်းကိုနင်းမိပြီးအသက်ကြီးပိုင်း အမျိုးသမီး တစ်ဦး ခြေ ထောက်တဖက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်း ရရှိပါတယ်။

အဆိုပါ အမျိုးသမီးက အသက် ၅၀ ကျော်၀န်းကျင်အရွယ်လို့သိရပြီး ဒီကနေ့ ဩဂုတ် ၂၇ မနက် ၁၀ နာရီခွဲ၀န်းကျင်မှ အိမ်၀န်းအတွင်းပိန္နဲသီးခူးတဲ့အချိန်မှာ အခုလို မိုင်းကိုနင်းမိတာလို့သိရပါတယ်။

Zalen ad

အဲဒီကိစ္စနဲပတ်သက်လို့မင်းတပ်မြို့ပေါ်နဲ့နီးစပ်တဲ့သူတစ်ဦးက” မိုင်းသံကသဲသဲကွဲကွဲအသံတော့မကြားရဘူး။ လက် နက်ကြီးတွေတောက်လျှောက်ပစ်နေကျဆိုတော့လက်နက်ကြီးပဲထင်တာ။ နောက်မှ သတင်းကြားတာက အမျိုးသမီး အသက် ၅၀ကျော်ဖြစ်မယ်။ အိမ်၀န်းထဲပိန္နဲသီးခူးတုန်းမိုင်းနင်းတာပြောကြတယ်။ နာမည်တော့မသိရသေးဘူး။ မြို့ပေါ်မှာနေတာလို့ပြောကြတယ်။ မြို့ပေါ်ကလူတွေသိပ်မရှိတော့အဆက်အသွယ်သိပ်မရဘူး။ လျှပ်စစ်ရုံးနားမှာဖြစ်တာလို့သိရတယ်” လို့ Zalenကိုပြောပါတယ်။

မိုင်းနင်းမိတဲ့ အမျိုးသမီးကတော့ ထိခိုက်မှုအတိ အကျမသိရသေး ဘဲ ၊ဆက်လက်ကုသမှုတွေကိုလည်း ဘယ်လို ပြုလုပ်ထားတယ်ဆိုတာ မသိရသေးသလို ခလရ ၂၇၄ တပ်ရင်းကို ခေါ်ဆောင်သွားကြလား မသိဘူး၊အရင်ကတော့ ခလရ ၂၇၄ တပ်ရင်းထဲပဲခေါ်ကြတာ လို့ ၎င်းကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက် နေ့ကလည်း မင်းတပ်မြို့ပေါ်၊စံပြရပ်ကွက်မှာ အိမ်သန့်ရှင်းရေးလုပ်နေစဉ် နင်းမိုင်းနင်းမိပြီး အသက် ၆၃နှစ်အရွယ်အမျိုးသားတစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်