မင်းတပ်မြို့ပေါ်နဲ့ အနီး၀န်းကျင်တွေကို စစ်‌ကောင်စီက ဗုံးအလုံး ၅၀ ကျော်လေကြောင်းဖြစ်ကြဲချ

၂၆၊အောက်တိုဘာ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်နဲ့ အနီး၀န်းကျင်တွေကို စစ်ကောင်စီကင်းထောက်လေယာဉ် နဲ့ဒီကနေ့ နေ့လယ် ၁၂နာရီလောက်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာစစ်ကောင် စီလေကြောင်းက မင်းတပ်မြို့ထဲ၊မြို့ပြင်တွေမှာ ဗုံးသီးအလုံးရေ ၅၀ကျော်ကို နေရာအနှံ့ အပြားရမ်းသမ်းကြဲချခဲ့တယ်လို့သိရပါတယ်။

Zalen ad

” နေ့လယ် ၁၂ နာရီလောက်ကနေစကြဲတာ၊အလုံးရေက ၅၀ကျော်တယ်၊နေရာအနှံ့ပဲ၊မြို့ထဲလည်းချတယ်ထင်တယ်၊မြို့ပတ်ပတ်လည်တော့အကုန်ရမ်းကြဲတာ” လို့ ဒေသခံတစ်ဦးက Zalenကိုပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုရှိ၊မရှိကိုတော့အသေးစိတ်မသိရှိရသေးဘူးလို့ဆိုပါတယ်။

မင်းတပ်မြို့နယ်တွင်‌ အောက်တိုဘာလအတွင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၆ကြိမ်အထိပြုလုပ်ခဲ့သလို ဒီကနေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာလည်း လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သတင်း – မိုးပီအောင်

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်