မင်းတပ်မြို့အနီး ဂျက်ဖိုက်တာ နဲ့ ဗုံး ကြဲတိုက်ခိုက်

မေ ၂၅၊ ၂၀၂၆

Zalen 

Zalen ad

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတဝိုက်ကို စစ်ကောင်စီက မေလ ၂၄ ရက်၊ ညသန်းခေါင်ယံအချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကို မေလ ၂၄ ရက်၊ ည ၁၂ နာရီ၀န်းကျင်မှာ  နေပြည်တော် အေလာ လေတပ်က တက်လာတဲ့ ဒုတိယမြောက် ဂျက်ဖိုက်တာတစီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။

“နေ့ခင်း အလုပ်တွေလုပ်၊ပင်ပန်းတယ်ဆိုတော့ 

ညအိပ်မောကျတဲ့ချိနိ ရောက်လာတယ်။ ထပြေးဖို့လည်း မလွယ်။ မင်းတပ်တောင်ခြမ်းဘက်ကိုကြဲတာ။ နေရာတော့အတိအကျမသိဘူး” လို့ ‌မင်းတပ်မြို့ပေါ်ဒေသခံတဦးက Zalen ကိုပြောပါတယ်။

ဆက်လက်ပြီးလေကြောင်းတိုက်ခိုက်မှုကြောင့် အထိအခိုက် ရှိ ၊မရှိကိုလည်း ဆက်သွယ်ရေးအခက်အခဲတွေကြောင့် မသိရှိရသေးဘဲ စုံစမ်းနေဆဲလို့ သူက ရှင်းပြပါတယ်။

ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union – CPU) ရဲ့ မေလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီက ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားတဲ့ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့ တွေကို အင်အားအလုံးအရင်းနဲ့ပြန်လည်ရယူဖို့  မြေပြင်စစ်ကြောင်း တွေဖြန့် ကြက်နေသလို၊ လေကြောင်းအလွန်အကျွံသုံးပြီး ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်ကနေ မေလ ၂၂ ရက်အထိ ၁၂ ရက်တာကာလအတွင်း မင်းတပ်အပါအဝင် ချင်းတောင်ပိုင်းမြို့ တွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ တွေနဲ့ ၂၅ ကြိမ်အထိ  ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – မိုးပီအောင်

ဓာတ်ပုံ -လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆Zalen လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ ...

ဆက်ဖတ်ရန်