မင်းတပ် နဲ့ ကန်ပက်လက်ကြားမှာ စကစတပ်နဲ့ CDF Mindat တို့တိုက်ပွဲပြင်းထန်

ယနေ့ ဇူလိုင် ၂၇ ရက်နံနက်အစော ပိုင်းတွင် မင်းတပ်မြို့နယ် ရွှေအောင်သာ နှင့်ရွှေတွင်းတူးကျေးရွာကြားတွင် စစ်ကောင်စီတပ်သားများမှ ပြည်သူတစ်ဦး၏ နွားတစ်ကောင် သတ်စားကြပါသည်။

မင်းတပ်မြို့ပေါ် မင်းတပ်-မတူပီ လမ်း ၅/၆ မိုင်ပတ်ဝန်းကျင်တွင် ဝင်ထွက် သွားလာသည့် ပြည်သူများကို စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့် ချိန်၍ ဖုန်းနှင့် ပိုက်ဆံများ ဓါးပြတိုက်သည့်အသွင် လုယူနေကြောင်းသိရသည်။

နေ့လယ် ၁၁ နာရီဝန်းကျင်တွင် မင်းတပ်မြို့အနောက်တောင် ဘက်ပိုင်း မင်းတပ်-ကန်ပက်လက် နယ်စပ်တွင် ၂ ဘက်ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးထိခိုက်ကျဆုံး စာရင်း သီးခြား အတည်ပြုနိုင်ခြင်း မသိသေးပါ။

မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ အများစု သွားရောက် ပြောင်းရွှေ့နေထိုင်ကြသည့်မကွေးတိုင်းအတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် Covid-19 ထိတ်လန့်မှုများ ရှိနေပြီး ၊ အစုလိုက် အပြုံလိုက် Positive လူနာများ ရှိလာမည်ကို စိုးရိမ်နေကြရသည်။

မင်းတပ် – မတူပီ လမ်း တိုက်ပွဲတွင် မတူပီ CDFဘက်မှ ကျဆုံးခဲ့သည့် ရဲဘော်တစ်ဦး ရုပ်အလောင်းယနေ့ပြန်လည်တွေ့ရှိပြီး မတူပီ CDF Facebook page မှ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ထားသည်။

မင်းတပ်မြို့ဒေသခံ ပရဟိတ မိတ်ဆွေနာ ရေးကူညီမှု အသင်း၏ ယနေ့ည ထုတ်ပြန်ချက်အရ မင်းတပ်မြို့တွင် Covid-19 လူနာ ၆ ဦးတိုးပြီး စုစုပေါင်း လူနာ ၂၁ ဦးရှိပြီဖြစ်ကာ ပြန်လည် သက်သာ လာသူ ၅ ဦး ရှိပြီဖြစ်သည်။

မင်းတပ်မြို့နယ်အတွင်း ယခုညပိုင်း ၉:၃၀ ချိန်တွင် ရဟတ်ယာဉ် များပျံသန်း၍ စစ်ကောင်စီတပ်များ ကင်းလှည့်နေကြောင်း သိရသည်။

(Zawgyi)
မင္းတပ္ နဲ႔ ကန္ပက္လက္ၾကားမွာ စကစတပ္နဲ႔ CDF Mindat တို႔တိုက္ပြဲျပင္းထန္

ယ​ေန႔ ဇူလုိင္ ၂၇ ရက္နံနက္အ​ေစာ ပိုင္းတြင္ ​မင္းတပ္ၿမိဳ႕နယ္ ​ေ႐ႊ​​ေအာင္သာ ႏွင့္​ေ႐ႊတြင္းတူး​ေက်း႐ြာၾကားတြင္ စစ္​ေကာင္စီတပ္သားမ်ားမွ ျပည္သူတစ္ဦး၏ ႏြားတစ္​​ေကာင္ သတ္စားၾကပါသည္။

မင္းတပ္ၿမိဳ႕​ေပၚ မင္းတပ္-မတူပီ လမ္း ၅/၆ မိုင္ပတ္ဝန္းက်င္တြင္ ဝင္ထြက္ သြားလာသည့္ ျပည္သူမ်ားကို စစ္​ေကာင္စီတပ္သားမ်ားမွ ေသနတ္ျဖင့္ ခ်ိန္၍ ဖုန္းႏွင့္ ပိုက္ဆံမ်ား ​ဓါးျပတိုက္သည့္အသြင္ လုယူ​ေန​ေၾကာင္းသိရသည္။

​ေန႔လယ္ ၁၁ နာရီဝန္းက်င္တြင္ မင္းတပ္ၿမိဳ႕အ​ေနာက္​ေတာင္ ဘက္ပိုင္း မင္းတပ္-ကန္ပက္လက္ နယ္စပ္တြင္ ၂ ဘက္ထိ​ေတြ႕တိုက္ပြဲမ်ား ျပင္းထန္ခဲ့ၿပီးထိခိုက္က်ဆုံး စာရင္း သီးျခား အတည္ျပဳႏိုင္ျခင္း မသိ​ေသးပါ။

မင္းတပ္ၿမိဳ႕နယ္မွ စစ္​ေဘး​ေရွာင္ျပည္သူမ်ား အမ်ားစု သြား​ေရာက္ ​ေျပာင္း​​​​ေ႐ႊ႕​ေနထိုင္ၾကသည့္မ​ေကြးတိုင္းအတြင္းရွိ စစ္​ေဘး​ေရွာင္စခန္းမ်ားတြင္ Covid-19 ထိတ္လန္႔မႈမ်ား ရွိ​ေနၿပီး ၊ အစုလိုက္ အၿပဳံလိုက္ Positive လူနာမ်ား ရွိလာမည္ကို စိုးရိမ္​ေနၾကရသည္။

မင္းတပ္ – မတူပီ လမ္း တိုက္ပြဲတြင္ မတူပီ CDFဘက္မွ က်ဆုံးခဲ့သည့္ ရဲ​ေဘာ္တစ္ဦး ႐ုပ္အ​ေလာင္းယ​ေန႔ျပန္လည္​ေတြ႕ရွိၿပီး မတူပီ CDF Facebook page မွ ဝမ္းနည္း​ေၾကာင္း သဝဏ္လႊာ ထုတ္ျပန္ထားသည္။

မင္းတပ္ၿမိဳ႕​ေဒသခံ ပရဟိတ မိတ္​​ေဆြနာ ​​ေရးကူညီမႈ အသင္း၏ ယ​ေန႔ည ထုတ္ျပန္ခ်က္အရ မင္းတပ္ၿမိဳ႕တြင္ Covid-19 လူနာ ၆ ဦးတိုးၿပီး စုစု​ေပါင္း လူနာ ၂၁ ဦးရွိၿပီျဖစ္ကာ ျပန္လည္ သက္သာ လာသူ ၅ ဦး ရွိၿပီျဖစ္သည္။

မင္းတပ္ၿမိဳ႕နယ္အတြင္း ယခုညပိုင္း ၉:၃၀ ခ်ိန္တြင္ ​ရဟတ္ယာဥ္ မ်ားပ်ံသန္း၍ စစ္​ေကာင္စီတပ္မ်ား ကင္းလွည့္​ေန​ေၾကာင္း သိရသည္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်