ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် နဲ့ ဖလမ်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့တပ်တွေကြား ဒီနေ့ဇူလိုင် ၂၄ ရက်တွင် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ် ၂၀ ကျော်သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။
မင်းတပ်မြို့ အနောက်တောင်ဘက် ကျေးရွာတစ်ခုရှိအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခုကို ဒီနံနက်ပိုင်းတွင် မင်းတပ် CDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ပြီး အကြမ်းဖက်သမား ၂၀ ကျော်သေဆုံးတယ်လို့သိရတယ်။
ဇူလိုင်လ ၂၀ ရက်ကစပြီး CDF များနဲ့ အကြမ်းဖက်စစ်ကောင်စီကြား အပစ်ရပ်ဆဲမှု ပျက်ပြယ်လို့ စတင်ပစ်ခတ်ကြပြီး CDF မင်းတပ်ဖက်က ရဲဘော်တစ်ယောက်ကျဆုံးသွားပါတယ်။
ဆက်လက်ပြီး ယနေ့ နေ့လည်ပိုင်းတွင် ဖလမ်းမြို့အနီး ဖလမ်း-ဟားခါးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CNO/CNDF တပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။
နှစ်ဖက်တပ် သေဆုံးနဲ့ ဒဏ်ရာရစာရင်းတော့မသိရသေးပါ။ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့အနီး ဖလမ်း-ဟားခါးလမ်းပေါ် တီားလ်ကျေးရွာအနီးတွင် ဇူလိုင် ၂၀ ဒေသခံတပ်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုခံရပါတယ်။ ယင်းကျေးရွာက ပြည်သူတွေအိမ်ထဲက ပစ္စည်းကိုမွှေနှောက်ကာ သိန်း ၁၅၀ တန်ဖိုးရှိတဲ့ ပစ္စည်းကိုဖျက်ဆီးကြပါတယ်။
(Zawgyi)
မင္းတပ္ နဲ႔ ဖလမ္းၿမိဳ႕နယ္တြင္ တုိက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီမွ ၂၀ ေက်ာ္ ေသဆုံးဟုဆို
ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္ နဲ႔ ဖလမ္းၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔တပ္ေတြၾကား ဒီေန႔ဇူလုိင္ ၂၄ ရက္တြင္ တုိက္ပြဲျဖစ္ပြားရာ အၾကမ္းဖက္စစ္ေကာင္စီတပ္ ၂၀ ေက်ာ္ေသဆံုးသြားတယ္လို႔သတင္းရရွိပါတယ္။
မင္းတပ္ၿမိဳ႕ အေနာက္ေတာင္ဘက္ ေက်း႐ြာတစ္ခုရွိအၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ခံ ရဲစခန္းတစ္ခုကို ဒီနံနက္ပိုင္းတြင္ မင္းတပ္ CDF တပ္ဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ၿပီး သိမ္းပိုက္ၿပီး အၾကမ္းဖက္သမား ၂၀ ေက်ာ္ေသဆံုးတယ္လုိ႔သိရတယ္။
ဇူလိုင္လ ၂၀ ရက္ကစၿပီး CDF မ်ားနဲ႔ အၾကမ္းဖက္စစ္ေကာင္စီၾကား အပစ္ရပ္ဆဲမႈ ပ်က္ျပယ္လို႔ စတင္ပစ္ခတ္ၾကၿပီး CDF မင္းတပ္ဖက္က ရဲေဘာ္တစ္ေယာက္က်ဆံုးသြားပါတယ္။
ဆက္လက္ၿပီး ယေန႔ ေန႔လည္ပိုင္းတြင္ ဖလမ္းၿမိဳ႕အနီး ဖလမ္း-ဟားခါးလမ္းေပၚတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္နဲ႔ CNO/CNDF တပ္တို႔ ပစ္ခတ္မႈျဖစ္ပြားခဲ့တယ္လုိ႔သတင္းရရွိပါတယ္။
ႏွစ္ဖက္တပ္ ေသဆံုးနဲ႔ ဒဏ္ရာရစာရင္းေတာ့မသိရေသးပါ။ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြဟာ ဖလမ္းၿမိဳ႕အနီး ဖလမ္း-ဟားခါးလမ္းေပၚ တီားလ္ေက်းရြာအနီးတြင္ ဇူလုိင္ ၂၀ ေဒသခံတပ္ေတြရဲ႕ ျခံဳခိုတိုက္ခိုက္မႈခံရပါတယ္။ ယင္းေက်းရြာက ျပည္သူေတြအိမ္ထဲက ပစၥည္းကိုေမႊေႏွာက္ကာ သိန္း ၁၅၀ တန္ဖိုးရွိတဲ့ ပစၥည္းကိုဖ်က္ဆီးၾကပါတယ္။