မတူပီမြို့က ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများပြန်လည်ဖမ်းဆီးခံရ

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် ခလရ ၁၄၀ တပ်ရင်းကနေ လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများဟာ ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် ပြန်လည်ဖမ်းဆီးခံရတယ်လို့သတင်းရရှိပါတယ်။

ထွက်ပြေးသွားသော စစ်သားအရေအတွက်ဟာ ခလရ ၁၄၀ အနီးက ရွာခံများ၏ ပြောကြားချက်အရ စစ်သား ၃ ဦးဟာ လက်နက် ၇ လက်ခန့်ယူသွားပြီး ထွက်ပြေးသွားကြောင်း သတင်းရရှိပြီးနောက် မတူပီမြို့တွင် စစ်သားများ ၁၄ ရက်နောက်ပိုင်း လက်လံရှာဖွေမှုများလုပ်ဆောင်ခဲ့တယ်လို့သိရတယ်။

ဒေသခံများ၏ ပြောဆိုချက်အရ ဒီနေ့ ဘုံတလာရေတံခွန်အနီးတွင် သေနတ်သံများကြားရကြောင်း ဆိုပါတယ်။ စစ်ကောင်စီတပ်သားများ၏ ပြောဆိုချက်အရလည်း ထွက်ပြေးခဲ့သော စစ်သားများနဲ့ လိုက်ရှာခဲ့သော စစ်ကောင်စီတပ်သားအုပ်စုဟာ ခဏတာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထွက်ပြေးသွားသောသူတို့ကို ပြန်လည်ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဆိုကြပါတယ်။

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်