မတူပီမြို့က ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများပြန်လည်ဖမ်းဆီးခံရ

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် ခလရ ၁၄၀ တပ်ရင်းကနေ လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများဟာ ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် ပြန်လည်ဖမ်းဆီးခံရတယ်လို့သတင်းရရှိပါတယ်။

ထွက်ပြေးသွားသော စစ်သားအရေအတွက်ဟာ ခလရ ၁၄၀ အနီးက ရွာခံများ၏ ပြောကြားချက်အရ စစ်သား ၃ ဦးဟာ လက်နက် ၇ လက်ခန့်ယူသွားပြီး ထွက်ပြေးသွားကြောင်း သတင်းရရှိပြီးနောက် မတူပီမြို့တွင် စစ်သားများ ၁၄ ရက်နောက်ပိုင်း လက်လံရှာဖွေမှုများလုပ်ဆောင်ခဲ့တယ်လို့သိရတယ်။

ဒေသခံများ၏ ပြောဆိုချက်အရ ဒီနေ့ ဘုံတလာရေတံခွန်အနီးတွင် သေနတ်သံများကြားရကြောင်း ဆိုပါတယ်။ စစ်ကောင်စီတပ်သားများ၏ ပြောဆိုချက်အရလည်း ထွက်ပြေးခဲ့သော စစ်သားများနဲ့ လိုက်ရှာခဲ့သော စစ်ကောင်စီတပ်သားအုပ်စုဟာ ခဏတာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထွက်ပြေးသွားသောသူတို့ကို ပြန်လည်ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဆိုကြပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်