မတူပီမြို့နယ်တွင် စစ်ကောင်စီက အနီရောင်သတ်မှတ်ထားသော ရွာ ၇ ရွာရှိ

ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ကောင်စီက အနီရောင်သတ်မှတ်ထားသော ရွာ ၇ ရွာရှိကြောင်း စစ်တပ်ဘက်ကလာသော သတင်းပေးချက်အရ သိရပါတယ်။

ထို့ကဲ့သို့ အနီရောင်သတ်မှတ်ထားသော ရွာများကို စစ်ကောင်စီက သွားလာခွင့် မပြုတော့သောကြောင့် ထို ၇ ရွာကိုသွားရန် မတူပီမြို့ အုပ်ချုပ်ရေးမှူးများက ခရီးသွား ထောက်ခံစာ မထုတ်ပေးတော့သည်မှာ ၂ ပတ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရပါတယ်။

ဒါအပြင် ထို ၇ ရွာက ရွာသားများဟာလည်း မတူပီမြို့ကို တရားဝင် လာခွင့်မပြုကြောင်း၊ ဝင်လာပါက ဖမ်းမည်ဟု စစ်တပ်က ပြောကြောင်းလည်း မြို့ခံများက ပြောပါတယ်။ စစ်တပ်က အနီရောက်အဖြစ် သတ်မှတ်ခံထားရသော ရွာများတွင် မားဒူ၊ အမ်ဆွေး၊ ဝလံပီ၊ ဝလံတဲ၊ လာလွီး၊ လွီဗန်းနှင့် ရဲန်ရောင်းရွာတို့ဖြစ်ပါတယ်။

“အရင်က နာမည်ရှိထားတဲ့ ရွာတွေ၊ နာမည်ထွက်ထားတဲ့ ရွာတွေကို အနီရောင်သတ်မှတ်လိုက်တာပေါ့။ ဒီလို အနီရောင်သတ်မှတ်လိုက်တော့ ဒီရွာတွေက ပိုပြီး အခြားရွာတွေထက် သတိကြီးကြီးနဲ့ နေရတာ အကောင်းဆုံးပဲ။ သူတို့က တစ်ခုခုလုပ်မယ်ဆိုရင်လည် ဒီရွာတွေကို ပစ်မှတ်ထားပြီး လုပ်နိုင်ခြေရှိတယ်လေ” ဟု မြို့ခံတစ်ဦးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

Zalen ad

စစ်တပ်က ယင်းရွာများကို အနီရောင်သတ်မှတ်ထားသောကြောင့် အချိန်မရွေးစစ်ကြောင်းထိုးခံရနိုင်ခြေရှိပြီး လေကြောင်း တိုက်ခိုက်မှုလည်း ရှိလာနိုင်သောကြောင့် လိုအပ်သော ပြင်ဆင်မှုများ ကြိုတင်လုပ်ဆောင်ရန် ထိုရွာများကို အသိပေးရန် လိုကြောင်းလည်း မြိုခံတစ်ဦးက အကြံပြုထားပါတယ်

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ်မှာ စစ်ဘေးရှောင် အမျိုးသားတဦးကို ZRAက ဖမ်းဆီး သတ်ဖြတ်

ဇူလိုင် ၁၊ ၂၀၂၆Zalen ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်တဲ့ ZRA-EC တပ်ဖွဲ့က စစ်ဘေးရှောင်နေတဲ့ အရပ်သားတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းမှာတင် ရိုက်နှက်နှိပ်စက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့တုန်းက ...

ဆက်ဖတ်ရန်