မနေ့ညက CNA တပ်သားတစ်ဦး ထပ်မံကျဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဒုတ်ထစ်ရွာ (Dokthek khua) မှာ ညအိပ်စခန်းချတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို ဒီနေ့ မတ်လ ၃ ရက် မနက် ၃ နာရီလောက်က CNA တပ်ကသွားရောက်တိုက်ခိုက်ကြပါတယ်။

CNA တပ်တွေပြန်ဆုတ်တဲ့ချိန်မှာ လျှပ်စစ်မီးကြိုးကိုနင်းမိတာကြောင့် CNA တပ်သား Salai Thiang Bik Lian (၁၉ နှစ်) ဟာကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

မနေ့ကလည်း CNA တပ်သား ၂ ဦးကျဆုံးပြီး သေနတ်ပါ စစ်ကောင်စီတွေသိမ်းယူသွားတယ်လို့သိရတယ်။

Dokthek ကျေးရွာမှာ ဒီမနက် ၁၀ နာရီအထိ လက်နက်ကြီးသံနဲ့ သေနတ်သံတွေကြားနေရတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်။

Zawgyi






နောက်ဆုံးရသတင်းများ

ရေဇွာမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလို့ စစ်ကောင်စီဘက်မှလေကြောင်းအသုံးပြုလာ

၂၈ ၊ နိုဝင်ဘာ ၊ ၂၀၂၃ Zalen ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ ရေဇွာ မြို့ စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့သိရပါတယ်။ ရေဇွာ မြို့အခြေစိုက်စခန်းသိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၂၆ ...

ဆက်ဖတ်ရန်