မီဇိုရမ်ပြည်နယ် ကျင်ဖိုင်းမြို့တွင် မြန်မာစစ်ဘေးရှောင်တွေနေထိုင်ဖို့ စခန်းတစ်ခု စီစဉ်

မြန်မာနိုင်ငံမှ စစ်ဘေးရှောင်တွေနေထိုင်ဖို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ကျင်ဖိုင်းမြို့အနီးတွင် စခန်းတစ်ခုကို ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့က ချင်းလူငယ်များအဖွဲ့အစည်း-ကျင်ဖိုင်း၊ YMA (မီဇိုးလူငယ်များအဖွဲ့)ကျင်ဖိုင်းနဲ့ ခြံပိုင်ရှင် ပူးဇိုနွန်ဆန်ငါတို့ လင်မယားတို့က သွားရောက်ကြည့်ရှုပါတယ်။

ယင်းနေရာကို ပူးဇိုနွန်ဆန်ငါတို့မိသားစုက ၄င်းတို့ခြံကို စစ်ဘေးရှောင်တွေအတွက် လှူဒါန်းထားတာဖြစ်ပြီး လူ ၂၀၀ ကျော်နေထိုင်နိုင်မှာဖြစ်ပါတယ်။

ချင်းလူငယ်များအဖွဲ့အစည်း-ကျင်ဖိုင်း ဥက္ကဌ ကိုကေဘီလွယ်က “ဒီနေ့ အခန်းထဲမှာ မီးသီးတွေသွားတပ်ဆင်ကြတယ်။ နေချင်တဲ့သူတွေ လာလို့ရပြီ။ မြန်မာနိုင်ငံသား စစ်ဘေးရှောင်တွေ နေစရာမရှိဘဲ အခက်အခဲဖြစ်နေတာကို မကြည့်ရက်ဘူး။ ပြည်တွင်းက နိုင်ငံရေးအခြေအနေလည်း ပိုရှုပ်လာမယ့်သဘောဖြစ်နေတာကြောင့် ကြိုတင်စီမံထားတာပါ။ အိန္ဒိယဘက်လာဖို့အဆင်ပြေအောင် ရိ နဲ့ ဇိုခေါ်သာရ်မှာ ကိုယ်စားလှယ်တွေထားပြီးတော့ သူတို့ကသွားလာရေးစီမံပေးမယ်” လို့ပြောပါတယ်။

အခု စီစဉ်တဲ့ စစ်ဘေးရှောင်စခန်းဟာ နယ်စပ် ရိနဲ့ ၁ နာရီလောက်ကားနဲ့သွားတဲ့ခရီးမှာရှိပြီး ကျင်ဖိုင်းမြို့နဲ့ ၁ မိုင်လောက်သာဝေးပါတယ်။

ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ချင်းလူငယ်များအဖွဲ့အစည်း-ကျင်ဖိုင်း ဥက္ကဌ ကိုကေဘီလွယ် +91986-202-1036 နဲ့ အတွင်းရေးမှူး ဆလိုင်းဆိုင်ငွန်မာန် +91961-283-2133 တို့ဖြစ်ပါတယ်။

Zawgyi

မီဇိုရမ္ျပည္နယ္ က်င္ဖုိင္းၿမိဳ႕တြင္ ျမန္မာစစ္ေဘးေရွာင္ေတြေနထုိင္ဖို႔ စခန္းတစ္ခု စီစဥ္

ျမန္မာႏိုင္ငံမွ စစ္ေဘးေရွာင္ေတြေနထုိင္ဖို႔ အိႏိၵယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္ က်င္ဖုိင္းၿမိဳ႕အနီးတြင္ စခန္းတစ္ခုကို ဒီေန႔ ေအာက္တိုဘာ ၈ ရက္ေန႔က ခ်င္းလူငယ္မ်ားအဖြဲ႔အစည္း-က်င္ဖုိင္း၊ YMA (မီဇိုးလူငယ္မ်ားအဖြဲ႔)က်င္ဖိုင္းနဲ႔ ျခံပိုင္ရွင္ ပူးဇိုႏြန္ဆန္ငါတို႔ လင္မယားတို႔က သြားေရာက္ၾကည့္ရႈပါတယ္။

ယင္းေနရာကို ပူးဇိုႏြန္ဆန္ငါတို႔မိသားစုက ၄င္းတို႔ျခံကို စစ္ေဘးေရွာင္ေတြအတြက္ လွဴဒါန္းထားတာျဖစ္ၿပီး လူ ၂၀၀ ေက်ာ္ေနထုိင္ႏိုင္မွာျဖစ္ပါတယ္။

ခ်င္းလူငယ္မ်ားအဖြဲ႔အစည္း-က်င္ဖုိင္း ဥကၠဌ ကိုေကဘီလြယ္က “ဒီေန႔ အခန္းထဲမွာ မီးသီးေတြသြားတပ္ဆင္ၾကတယ္။ ေနခ်င္တဲ့သူေတြ လာလုိ႔ရၿပီ။ ျမန္မာႏိုင္ငံသား စစ္ေဘးေရွာင္ေတြ ေနစရာမရွိဘဲ အခက္အခဲျဖစ္ေနတာကို မၾကည့္ရက္ဘူး။ ျပည္တြင္းက ႏိုင္ငံေရးအေျခအေနလည္း ပိုရႈပ္လာမယ့္သေဘာျဖစ္ေနတာေၾကာင့္ ၾကိဳတင္စီမံထားတာပါ။ အိႏိၵယဘက္လာဖုိ႔အဆင္ေျပေအာင္ ရိ နဲ႔ ဇိုေခၚသာရ္မွာ ကိုယ္စားလွယ္ေတြထားၿပီးေတာ့ သူတုိ႔ကသြားလာေရးစီမံေပးမယ္” လို႔ေျပာပါတယ္။

အခု စီစဥ္တဲ့ စစ္ေဘးေရွာင္စခန္းဟာ နယ္စပ္ ရိနဲ႔ ၁ နာရီေလာက္ကားနဲ႔သြားတဲ့ခရီးမွာရွိၿပီး က်င္ဖုိင္းၿမိဳ႕နဲ႔ ၁ မိုင္ေလာက္သာေဝးပါတယ္။

ဆက္သြယ္ရမယ့္ ဖုန္းနံပါတ္ကေတာ့ ခ်င္းလူငယ္မ်ားအဖြဲ႔အစည္း-က်င္ဖုိင္း ဥကၠဌ ကိုေကဘီလြယ္ +91986-202-1036 နဲ႔ အတြင္းေရးမွဴး ဆလုိင္းဆိုင္ငြန္မာန္ +91961-283-2133 တုိ႔ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်