မီဇိုရမ်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ နေထိုင်ခွင့်လက်မှတ်မရှိဘဲ နေထိုင်သူတွေကို မောင်းထုတ်မယ်

အောက်တိုဘာ ၂၅၊ ၂၀၂၅

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ နေထိုင်ခွင့် လက်မှတ်မရှိဘဲ နေထိုင်ကြတဲ့သူတွေကို မောင်းထုတ်ဖို့အတွက် အစိုးရအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ စတင် လုပ်ဆောင်နေပြီလို့ သိရပါတယ်။

လက်ရှိ အိုင်ဇောလ်ခရိုင်၊ Sakawrdai မှာ ကျင်းပနေတဲ့ Young Mizo Association (YMA) အဖွဲ့ ရဲ့ အထွေထွေညီလာခံမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒူအွမ်မား (Pu Lalduhawma)က အခုလိုပဲ ပြောဆိုလိုက်တာဖြစ်ပါတယ်။

Zalen ad

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာ မိုဒီ နဲ့ ပြည်ထဲရေးဝန်ကြီး အာမစ် ရှာ တို့နဲ့ မကြာသေးခင်က ဆွေးနွေးခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့အတူ တရားဝင် မရှိဘဲ နေထိုင်နေကြတဲ့ တိုင်းရင်းသားမဟုတ်သူတွေကို မောင်းထုတ်မယ့် ရည်ရွယ်ချက်ကို ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးတို့ကို ကျွန်တော် အသိပေးခဲ့ပါတယ်။” လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒူအွမ်မားက ပြောဆိုထားပါတယ်။

ဝန်ကြီးချုပ် ပူးလာလ်ဒူအွမ်မားက ဆက်လက်ပြီး “မြို့တော် အိုက်ဇောလ်မြို့ရဲ့ ရပ်ကွက်အချို့မှာ ဒီလုပ်ငန်းစဥ်ကို စတင်နေပြီဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

၁၈၇၃ ခုနှစ် Bengal Eastern Frontier Regulation (BEFR) စည်းမျဥ်းအောက်မှာ စတင်ပြဋ္ဌာန်းခဲ့တဲ့ ILP ဟာ တိုင်းရင်းသား လူ့အဖွဲ့အစည်းတွေရဲ့ ၎င်းတို့ မြေယာများကို ကာကွယ်ဖို့ ရည်ရွယ်ထားတာလို့ ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒူအွမ်မားက အလေးထားပြောကြားခဲ့ပါတယ်။

အဲဒီစည်းမျဥ်းအရ တိုင်းရင်းသားမဟုတ်သူတွေ ပြည်နယ်အတွင်း မြေယာဝယ်ယူပိုင်ဆိုင်ခွင့် မရှိပါဘူး။

ဝန်ကြီးချုပ်က တရားမဝင် ဝင်ရောက်မှုများ တားဆီးဖို့အတွက် ပြည်နယ်အစိုးရဟာ အွန်လိုင်း ILP စနစ် ကို စတင်အသုံးပြုနေပြီး အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရားမဝင် အခြေချနေထိုင်သူတွေကို ဖယ်ရှားရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ပြီး တရားမဝင် အခြေချနေထိုင်သူတွေ ပြည်နယ်မှတဆင့် ထွက်ခွာသွားစေဖို့အတွက် YMA အဖွဲ့ဝင်များ၊ ဒေသခံနဲ့ ကျေးရွာကောင်စီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။

သတင်း-ခူမီး

Source – India Today News

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်