မဲ‌ပေးဖို့ လူ ငါးထောင် ကျော်ကို အမှုပိတ်သိမ်းပြီး သုံးထောင်ကျော်ကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပြု

နိုဝင်ဘာ ၂၇၊၂၀၂၅

Zalen

စစ်ကောင်စီအာဏာသိမ်းကာလအတွင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ရာဇဝတ်ကျင့်ထုံး ၅၁၂ နဲ့ တရားစွဲဆိုခံရသူ ၅၅၈၀ ဦးကို အမှုတွေ ပိတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီက နို၀င်ဘာ ၂၆ ရက် ညမှာ ထုတ်ပြန်ပါတယ်။

အကျဉ်းထောင်အသီးသီးမှာ ပုဒ်မ ၅၀၅ -က နဲ့ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၂၃၆၁ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ထောင်ဒဏ်ကျခံနေရသူ ၇၂၄ ဦးကိုလည်း ” နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဆိုတဲ့ ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။

Zalen ad

စစ်ကောင်စီက မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနဲ့ ဆန္ဒမဲပေးနိုင်ရေးအတွက် အခုလို လွတ်ငြိမ်းခွင့်ပြုတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး အဓိကထားဆောင်ရွက်နေပြီး ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့အထိ နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ ၃၀,၀၀၀ ကျော်ရှိပြီး အဲဒီထဲက ၂၂,၇၀၀ ကျော်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲက ၁၁,၄၀၀ ကျော်ဟာ ထောင်ဒဏ်တွေချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ဇွန် ၂၃ ၊၂၀၂၆Zalen ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းကနေစတင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် (Biometric) စာရင်းသွင်းမှုလုပ်ငန်းဟာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ လူဦးရေစာရင်းကောက်ယူရေးနဲ့ ...

ဆက်ဖတ်ရန်