ယခုနှစ် ပထမငါးလအတွင်း အရပ်သားသေဆုံးမှု စံချိန်တင်မြင့်တက်

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၇၄၈ ဦးထက်မနည်းသေဆုံးတယ်လို့ ISP က ဇွန်လတွင် ထုတ်ပြန်ပါတယ်။

အဲ့ဒီအရပ်သားသေဆုံးမှု အရေအတွက်ဟာ အရင်နှစ် ၂၀၂၂ ခုနှစ်တစ်နှစ်လုံးမှာ အရပ်သားသေဆုံးမှုရဲ့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့လည်းဖော်ပြထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလမှာ ၈၆၄၀ ဦးထက်မနည်းရှိပြီး ၂၁၈၃ ဦးထက်မနည်းမှာဆန္ဒပြကာလအတွင်း စစ်ကောင်စီပစ်ခတ်လို့သေဆုံးသူနဲ့ အဖမ်းခံရစဉ် သေဆုံးသူတွေဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုအများဆုံးမှာ စစ်ကိုင်းတိုင်းတွင်ဖြစ်ပြီး အရပ်သား ၁၂၀၈ ဦးထက်မနည်း၊ ဒုတိယအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး ၂၀၈ ဦးထက်မနည်း၊ ကယားပြည်နယ် ၁၅၉ ဦးထက်မနည်း၊ ကချင်ပြည်နယ် ၁၅၇ ဦးထက်မနည်း၊ ရှမ်းပြည်နယ် ၁၅၂ ဦးထက်မနည်း၊ ကရင်ပြည်နယ် ၁၁၃ ဦးထက်မနည်း၊

ချင်းပြည်နယ်မှာ ၅၁ ထက်မနည်းသေဆုံးတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်