ယခုအချိန် လုပ်ကိုင်သင့်သည့် တနိုင်တပိုင် အသေးစားစီးပွားရေးလုပ်ငန်းများ (၁)

ဆာချင်းရေးသည်။
၁.ကွန်ပြူတာ ပြုပြင်ရောင်းဝယ်ရေး
စီးပွားရေးတွေ ထိုးကျ၊ကျပ်ငွေတန်ဖိုး ထိုးကျနေတဲ့ ခေတ်မှာ အသစ်ဝယ်ဖို့ဆိုတာ တော်ရုံလူ မတက်နိုင်တော့တဲ့ အနေအထား။ အရင်တုန်းက ကျပ်(၆)သိန်းခွဲတန် လက်ပ်တော့ တစ်လုံး တန်ဖိုးဟာ အခုဆို ကျပ်(၉)သိန်းခွဲ ရောက်နေပြီ။
ဆိုတော့ လူတွေ အသစ်ကိုင်နိုင်ဖို့ထက် အဟောင်းဈေးကွက်ကို ခြေဦးလှည့်လာကြမယ်။ ဆိုတော့ ကွန်ပြူတာ အဟောင်းပြုပြင်‌ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းဟာ လူငယ်တွေအတွက် အဆင်ပြေတဲ့ လုပ်ငန်းပဲ။ ပြန်လည်ပြုပြင်တာနဲ့ အဟောင်းရောင်းတာသည် လာမယ့် သုံးနှစ်အထိ အလုပ်ဖြစ်မှာပါ။

၂.ဖုန်းပြုပြင်ရောင်းဝယ်ရေး
မြန်မာလို ဆင်းရဲတဲ့ နိုင်ငံမှာ ဒီဈေးကွက်ဟာ ယခင်ကတည်းက ရှိနေပြီးသား ဈေးကွက်ပဲ။ သိတဲ့အတိုင်း နည်းပညာမြင့်မားလာမှုနဲ့အတူ ဖုန်းသစ်တန်ဖိုးတွေဟာ အနည်းဆုံး ကျပ်(၃)သိန်း မကျော်ရင် အသစ်ကောင်းကောင်းရဖို့ မလွယ်တော့ဘူး။ ယခင် တန်ဖိုးနည်းဖုန်းတွေ ဖြစ်ခဲ့တဲ့ ဟွာဝေး၊ရှောင်မီ၊Vivo တို့လို့ တရုတ်ဖုန်းတွေတောင် အခုဈေးအရ အမြင့်ဈေးတန်းရောက်နေပြီ။
ဆိုတော့ ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေအတွက် ကောင်း၊သက်သာ ဆို ဖုန်းအဟောင်းတွေသာ ဖြစ်ပါလိမ့်မယ်။ ဆိုတော့ ဖုန်းဟောင်းပြုပြင်ရေးနဲ့ အဟောင်းဈေးကွက်ကြီးက ဆက်အလုပ်ဖြစ်ပါအုန်းမယ်။ နောက်ပြီး တရုတ် တန်ဖိုးနည်းဖုန်းတွေ ဖုန်းအမျိုးအစားသစ်တွေ ဈေးကွက်မှာ ရောက်လာမှာပါ။ ယနေ့ မြန်မာအများစုက ကျပ်(၂)သိန်းအထက် ဖုန်းဆို အသစ်ဝယ်ကိုင်ဖို့ အတော်စဉ်းစားနေရပြီ။

၃.အိမ်ခြံမြေအကျိုးဆောင်
လက်ရှိ လူတွေ ငွေတန်ဖိုးကျတာရယ် စီးပွားရေးကျဆင်းတာရယ်ကြောင့် အိမ်ခြံမြေဖက်ကို ခြေဦးလှည့်လာကြတယ်။ အိမ်ခြံမြေဆိုတာ သိတဲ့အတိုင်း နှစ်တိုင်း ဈေးတက်စမြဲ၊ဘဏ်တိုးထက်တောင် သာတဲ့ သဘောရယ်၊ အကွက်အကောင်းတွေ တွေ့ရင် ဝယ်စုတက်တဲ့ အကျင့်ရှိကြတာမို့ အခုခောတ်မှာ အိမ်ခြံမြေအကျိုးဆောင်က ခောတ်ကောင်းနေအုန်းမှာပါ။
ဘာမှ လုပ်စရာမလို၊ ရောင်းသူ ဝယ်သူ တည့်ပေးပြီး အကျိုးဆောင်ခ (၅)ရာခိုင်နှုန်း ရမှာပါ။ ငွေစိုက်စရာမလို နှုက်စိုက်၊အခုခောတ်ဆို အွန်းလိုင်းကနေ တဆင့် ရောင်းဝယ်လို့ ရနေပြီ။ ပွဲစားဆိုတဲ့ သဘောအတိုင်း နှုက်ရည် ရွန်းနေဖို့တော့ လိုတာပေါ့။

၄.ကျုရှင်ပြခြင်း
စီးပွားရေးဘာအခွင့်အလမ်းမှ မရှိတဲ့ အရင် စစ်အစီုးရခောတ်မှာ ကျူရှင်ပြတဲ့ စနစ်က အတော်ထွန်းကားတယ်။ ကျောင်းဆရာတွေသာမက အပြင်ဘွဲ့ရတွေပါ ကျုရှင်ပြစားရင်း သူဌေးဖြစ်ကုန်တာပါပဲ။ ဆိုတော့ ကိုယ့်မှာ စာသင်တာ ဝါသနာပါရင် ကျုရှင်ပြတာ အကောင်းဆုံး ဝင်ငွေပါပဲ။
ပညာရေးမကောင်းသည်တိုင် ဘယ်မိဘမဆို ကိုယ့်သားသမီးလေး ဆယ်တန်းအောင်စေချင်တဲ့ စိတ်အရ တက်နိုင်တာ ထားကြတာပဲ။ ဆိုတော့ ကျရှုံးသွားတဲ့ အနာဂါတ်အခွင့်အလမ်းတွေကြောင့် ကျုရှင်လုပ်ငန်းတွေ တခေတ်ပြန်ကောင်းအုန်းမှာပါ။ ဆိုတော့ ကိုယ်နေတဲ့ မြို့ရွာတွေမှာ ကျူရှင်လုပ်ငန်း လုပ်ကိုင်တာ သင့်တော်တယ်။

၅.မင်္ဂလာဆောင်၊အလှုဓါက်ပုံရိုက်ခြင်း
မြန်မာမှာ ဘယ်ခေတ်ရောက်ရောက် လူတွေ ပွဲတွေ လုပ်လေ့ရှိတယ်။ မြို့ပြကနေ ကျေးလတ်အထိ ဘယ်အလှု ဘယ်ပွဲမဆို ဓါက်ပုံ၊ဗီဒီယိုတော့ ခေါ်ရိုက်ကြတယ်။ ဆိုတော့ ဓါက်ပုံ၊ဗီဒီယိုလုပ်ငန်းတွေက အလုပ်ဖြစ်နေအုန်းမှာပါ။
အနည်းဆုံး ရှင်ပြု၊သာရေး ဘယ်အလှုမဆို ဓါက်ပုံလုပ်ငန်းက အကောင်းဆုံးဖြစ်နေအုန်းမှာပါ။ မင်္ဂလာဆောင်ဆိုလည်း မပါမဖြစ်။ ခောတ်မကောင်းတော့ ဈေးအထိုက်သင့်ဆုံး လူတွေကို ဌားရမ်းကြမှာပဲ။ ဘယ်တော့မှ တိမ်ကောပျောက်ကွယ်မှာ မဟုက်တဲ့ လုပ်ငန်းမို့ ဓါက်ပုံဝါသနာပါတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းပါပဲ။

၇.ဈေးရောင်းချခြင်း
ဒါကတော့ ပြောစရာမလိုတဲ့ အနေအထားဖြစ်နေပြီ။ အခုချိန်မှာ ဘယ်သူမဆို ဈေးရောင်းနေကြတာကို။ မြင်မြင်သမျလူ အကုန်ဈေးသည်ဖြစ်နေတာဟာ အလုပ်အကိုင်ရှားပါးမှု ပုံရိပ်တစ်ခုပဲ။ သို့သော်လည်း လူဆိုတာ စားဝတ်နေရေး က အဓိကမို့ ဘယ်သူရောင်းရောင်း အလုပ်ဖြစ်နေကြမှာပါ။
ကိုယ်သက်ဆိုင်ရာ၊ကိုယ်ကျွမ်းကျင်ရာ ကုန်စည်ရောင်းချမှုက ဆက်အလုပ်ဖြစ်နေအုန်းမှာပါ။ ယနေ့ခေတ်က အွန်လိုင်းခောတ်မို့ မြို့ရွာထဲ ပတ်သွားစရာမလိုတော့ပဲ အိမ်မှာနေရင်း အေးအေးဆေးဆေး ဈေးရောင်းနိုင်ပြီလေ။ ကိုယ်ကျွမ်းကျင်မှုအရ မီးဖိုချောင်သုံးကနေ နောက်ဆုံးပေါ်ပစ္စည်းအထိ အကုန်ရောင်းချနိုင်ပါတယ်။ ဆက်လည်း အလုပ်ဖြစ်နေအုန်းမယ့် သဘောပါ။

၈.အဝတ်အစားဟောင်းရောင်းချခြင်း
မြို့ပြတွေမှာ လူတွေ သောင်းကျော်တန်၊သိန်းကျော်တန် ဝယ်ဝတ်နေကြပေမယ့် ကျေးလတ်နဲ့ နယ်တွေမှာ ထောင်ကဏန်းသာသာ အဝတ်အစားတွေဟာ ဝတ်နိုင်ကြတယ်။ အခုခေတ် ပိုကြပ်တည်းလာ၊ ပိုဆင်းရဲလာကြတော့ အသစ်ထက် ပုံပုံစတိုးတွေက အလုပ်ဖြစ်နေမှာပါ။
နယ်တွေမှာ အဝတ်အစားဆိုတာ အသစ်ဆိုတာထက် ကောင်းနေ ဝတ်လို့ရရင် ပြေတာကို။ ပိုဆင်းရဲလာကြတော့ တန်ဖိုးနည်းအဝတ်အစားတွေဟာ သူတို့အတွက် အကောင်းဆုံးပဲ။ မြန်မာမှာ ကျေးလက်နေ ပြည်သူက နိုင်ငံလူဦးရေရဲ့(၇၀)ရာခိုင်နှုန်းကျော် ရှိတယ်။ ဆိုတော့ လူဦးရေ(၃၅)သန်းကျော်မယ်။ ဒီလောက် လူတွေအတွက် အဝတ်အစားဈေးကွက်က ရောင်းပျော်၊ဝင်ငွေရပျော်တာပေါ့လေ။

Zawgyi

ဆာချင်းရေးသည်။




၎.ကျုရှင်ပြခြင်း


၇.ဈေးရောင်းချခြင်း


နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်