ယူကရိန်းဟာ ရုရှား၏ ကမ်းလှမ်းချက်ကို မဖြည့်ဆည်းပါက ရုရှားစစ်တပ်က ဆုံးဖြတ်ပေးရလိမ့်မည်ဟု လတ်ဗ်ရို့ပြော

ရုရှားရဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ကမ်းလှမ်းချက်များကို ယူကရိန်းက ကောင်းမွန်စွာ သိထားကြောင်း ထို့ကြောင့် ယူကရိန်းအနေနဲ့ ရုရှား၏ တောင်းဆိုချက်များကို သူတို့၏ အကျိုးအတွက် ဖြည့်ဆည်းပေးရမည်ဖြစ်ပြီး မဖြည့်နိုင်ပါက ရုရှားစစ်တပ်က ဆုံးဖြတ်ပေးရလိမ့်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဆာကေလတ်ဗ်ရို့က ပြောပါတယ်။

“စစ်သွေးကြွများ ထိန်းချုပ်ထားသောနေရာမှာ လက်နက်တပ်ဖွဲ့များ ရုပ်သိမ်းရေးနှင့် နာဇီဝါဒဖြန့်ချီရေးများနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ကမ်းလှမ်းချက်များနှင့် ကျွန်တော်တို့ရဲ့ နယ်မြေအသစ်များအပါအဝင် ထိုနေရာကနေ ရုရှားကို ခြိမ်းခြောက်မှုများအားလုံးကို ဖယ်ရှားရေးနဲ့ပတ်သက်ပြီး ကမ်းလှမ်းချက်များကို ရန်သူက ကောင်းကောင်းသိပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့တွင် နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ တစ်ဆင့်ပြောခဲ့ပါတယ်။

“အဖြေကတော့ ရှင်းပါတယ်။ ခင်ဗျားတို့ရဲ့ကောင်းကျိုးအတွက် ကမ်းလှမ်းချက်များကို ဖြည့်ဆည်းလိုက်ပါ။ သို့မဟုတ်ပါက ဒီကိစ္စကို ရုရှားစစ်တပ်က ဆုံးဖြတ်ရလိမ့်မယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တွင် ပူတင်က ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်အတွက် တံခါးဖွင့်ထားကြောင်း ပြောခဲ့ပြီး အနောက်နိုင်ငံနှင့် ကိဗ့်ကို ဆွေးနွေးမှု မပြုလုပ်လိုကြောင်း စွပ်စွဲခဲ့ပါတယ်။ ရုရှားရဲ့ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် စစ်ပွဲအဆုံးသတ်လိုကြောင်း ရုရှား၏ ပြောဆိုမှုကို အမေရိကန်က မယုံကြည်တာဖြစ်ပါတယ်။

Zalen ad

ယူကရိန်းကတော့ ငြိမ်းချမ်းရေးလိုချင်ရင်၊ ရုရှားသိမ်းပိုက်ထားသော နယ်မြေအားလုံးကို ပြန်လည်ပေးအပ်ရမည်ဖြစ်ပြီး ရုရှားအနေနဲ့လည်း ထိန်းပိုက်ထားသော နယ်မြေများကို ပြန်လည်ပေးအပ်ရန် ယူကရိန်းက တောင်းဆိုထားပါတယ်။ ရုရှားကတော့ သိမ်းပိုက်ထားသော နယ်မြေများတွင် လက်နက်ကိုင်အဖွဲ့အစည်းများဖယ်ရှားရေးနှင့် နာဇီဝါဒပြန့်ပွားမှုမရှိအောင် လုပ်ဆောင်နေကြောင်းဆိုသော်လည်း လက်တွေ့နဲ့ ကွာခြားနေပါတယ်။

နောက်ဆုံးရသတင်းများ

မင်းတပ် နဲ့ ကန်ပက်လက်ကို ဂျက်ဖိုက်တာ ၊ Y-12 တွေနဲ့ လှည့်ပတ်ပြီး ဗုံးကြဲ

ဇွန် ၂၄ ၊၂၀၂၆Zalen ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ် ၊ ကန်ပက်လက် မြို့တွေကို စစ်ကောင်စီတပ်က ဗုံးကြဲလေယာဉ်တွေနဲ့ လှည့်ပတ်ပြီး ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ် ၊ကန်ပက်လက် ဒေသတွေမှာ ...

ဆက်ဖတ်ရန်