ရခိုင်က ကမန်ကျောင်းသားများကို စစ်ကောင်စီ ပညာရေးက ကျောင်းဝင်ခွင့်မပြု

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကမန်တိုင်းရင်းသားကျေးရွာများဖြစ်သော သဂ်နက်ရွာ၊ သာယာကုန်းရွာ၊ သက်ကေပြင်ရွာမ စသောကျေးရွာများမှ ‌ကမန်ကျောင်းသား/သူ (၅၇) ယောက်အား ၂၀၂၃ -၂၀၂‌၄ ခုနှစ် ပညာသင်နှစ်အတွက် စစ်ကောင်စီလက်‌ေအာက်ခံ ကျောင်းများက လက်မခံဟု သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တုန်းက ဖွင့်လှစ်သင်ကြားသည့် သာယာကုန်း(ကမန်)ရွာရှိ တွဲဖက်အထက်တန်းကျောင်းကို ၂၀၂‌၂ ခုနှစ်တွင် တရားမဝင်ဟုဆိုကာ ကျောင်းအပ်လက်ခံခြင်းကို ရပ်ဆိုင်းခဲ့ပြီး အလယ်တန်းကျောင်းသားများကို အမှတ်(၉) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံ‌သော်လည်း အထက်တန်းကျောင်းသားများကို လက်ခံခြင်းမရှိဟု ကမန်တိုင်းသားတစ်ဦးက ဆိုပါသည်။

စစ်ကောင်စီအဖွဲ့၀င် ဒေါ်အေးနုစိန်ရဲ့ညှိနှိုင်းပေးချက်အရ အမှတ်(၉)အခြေခံအလယ်တန်း‌ကျောင်းတွင် ယာယီစာသင်ခန်းပြုလုပ်ပြီး စာသင်ခဲ့ကြရသည်။ ယခုနှစ်တွင် အထက်တန်းကျောင်းသားများကို အလက(၉)ကျောင်းအုပ်ဆရာကြီးက လက်မခံဘဲ၊ အထက(၉) မင်းဂံကျောင်းတွင်သွားအပ်ရန် လမ်းညွန်ခဲ့သော်လည်း ကျောင်းဆရာ/မ များက လက်မခံသည့်အပြင် ရင့်သီးစွာဆက်ဆံခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်ရှိ ကမန်တိုင်းရင်းသားများသည် အခုချိန်ထိ ခွဲခြားဆက်ဆံခံနေရတုန်းဟု ၎င်းက ဆိုပါသည်။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်