ရဲတွေက ခန္တီးခရိုင်အုပ်ချုပ်ရေးမှူးကတော်ကို သေနတ်နဲ့ပစ်သတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ မြို့မရပ်ကွက်မှာ မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းကင်းလှည့်နေတဲ့ ရဲတပ်သားတွေရဲ့ ဆိုင်ကယ်ကို ခရိုင်ချုပ်ရေးမှူးကတော် ဒေါ်ညွှန့်ညွှန့်ဝင်း မော်ငးနှင်လာတဲ့ကားက ပွတ်သွားတဲ့တွက် ရဲတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်လို့ ဒေါ်ညွှန့်ညွှန့်ဝင်းသေဆုံးသွားတယ်လို့ ရှမ်းနီအသံကဖော်ပြထားပါတယ်။

ဒေသခံတစ်ဦးက “ ရဲကင်းလှည့်နေတဲ့ ဆိုင်ကယ်ကို ခယက ကတော်သူကိုယ်တိုင်မောင်းလာတဲ့ကားက ရဲဆိုင်ကယ်ကို ပွတ်သွားတဲ့သဘောပေါ့နော် ၊ အဲ့တာကို သူလည်းသိချင်မှသိမှာ ၊ အဲတာကို သူတို့ဆိုင်ကယ်ကိုပွတ်သွားတယ်ဆိုပြီးမှ ရဲတွေက လိုက်ပစ်တာ သူကလည်း ကားမရပ်ဘူး ၊​ခန့်မှန်းခြေ ဆယ့်ငါးချက် အချက် ၂၀ အဲ့လောက်တော့ကြားတယ်ပေါ့ နောက်တော့ ကားလည်းရပ်သွားပြီ ၊ ကားပေါ်ပါတဲ့ ခယကကတော်ညလည်းဆုံးပြီပေါ့နော်” လို့ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းတွင် ညကဖြစ်ပွားခဲ့တဲ့ပုံစံအတိုင်းပြန်လည် သရုပ်ဖော်ခိုင်းတယ်လို့လည်းသိရတယ်။ အလောင်းကို ဒီနေ့တွင် သဂြိုလ်ကြမယ်လို့သိရတယ်။

နိုဝင်ဘာလ (၁၈) ရက်နေ့ကလည်း ခန္တီးမြို့ ဆောက်လုပ်ရေးဦးစီးဌာနရဲ့ အိမ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်တာမရှိပါ။

Zawgyi

ရဲေတြက ခႏၲီးခရိုင္အုပ္ခ်ဳပ္ေရးမွဴးကေတာ္ကို ေသနတ္နဲ႔ပစ္သတ္

စစ္ကိုင္းတိုင္းေဒသၾကီး၊ ခႏီၱးၿမိဳ႕ ၿမိဳ႕မရပ္ကြက္မွာ မေန႔ ႏိုဝင္ဘာ ၂၁ ရက္ေန႔ ညေနပိုင္းကင္းလွည့္ေနတဲ့ ရဲတပ္သားေတြရဲ႕ ဆိုင္ကယ္ကို ခရုိင္ခ်ဳပ္ေရးမွဴးကေတာ္ ေဒၚညႊန္႔ညႊန္႔ဝင္း ေမာ္ငးႏွင္လာတဲ့ကားက ပြတ္သြားတဲ့တြက္ ရဲတပ္သားေတြက ေသနတ္နဲ႔ ပစ္ခတ္လို႔ ေဒၚညႊန္႔ညႊန္႔ဝင္းေသဆံုးသြားတယ္လုိ႔ ရွမ္းနီအသံကေဖာ္ျပထားပါတယ္။

ေဒသခံတစ္ဦးက “ ရဲကင္းလွည့္ေနတဲ့ ဆိုင္ကယ္ကို ခယက ကေတာ္သူကိုယ္တိုင္ေမာင္းလာတဲ့ကားက ရဲဆိုင္ကယ္ကို ပြတ္သြားတဲ့သေဘာေပါ့ေနာ္ ၊ အဲ့တာကို သူလည္းသိခ်င္မွသိမွာ ၊ အဲတာကို သူတို႔ဆိုင္ကယ္ကိုပြတ္သြားတယ္ဆိုၿပီးမွ ရဲေတြက လိုက္ပစ္တာ သူကလည္း ကားမရပ္ဘူး ၊​ခန႔္မွန္းေၿခ ဆယ့္ငါးခ်က္ အခ်က္ ၂၀ အဲ့ေလာက္ေတာ့ၾကားတယ္ေပါ့ ေနာက္ေတာ့ ကားလည္းရပ္သြားၿပီ ၊ ကားေပၚပါတဲ့ ခယကကေတာ္ညလည္းဆုံးၿပီေပါ့ေနာ္” လုိ႔ေျပာပါတယ္။

ဒီကေန႔ ႏိုဝင္ဘာ ၂၂ ရက္ မနက္ပိုင္းတြင္ ညကျဖစ္ပြားခဲ့တဲ့ပံုစံအတုိင္းျပန္လည္ သရုပ္ေဖာ္ခုိင္းတယ္လုိ႔လည္းသိရတယ္။ အေလာင္းကို ဒီေန႔တြင္ သၿဂိဳလ္ၾကမယ္လုိ႔သိရတယ္။

နိုဝင္ဘာလ (၁၈) ရက္ေန႔ကလည္း ခႏၲီးၿမိဳ႕ ေဆာက္လုပ္ေရးဦးစီးဌာနရဲ႕ အိမ္မွာ ဗုံးတစ္လုံးေပါက္ကြဲခဲ့ေပမယ့္ လူထိခိုက္တာမရွိပါ။

 

နောက်ဆုံးရသတင်းများ

ရေဇွာမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလို့ စစ်ကောင်စီဘက်မှလေကြောင်းအသုံးပြုလာ

၂၈ ၊ နိုဝင်ဘာ ၊ ၂၀၂၃ Zalen ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ ရေဇွာ မြို့ စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့သိရပါတယ်။ ရေဇွာ မြို့အခြေစိုက်စခန်းသိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၂၆ ...

ဆက်ဖတ်ရန်