လုံခြုံရေး အခြေနေကြောင့် မဏီပူရ်ပြည်နယ်က စစ်ဘေးရှောင်ကျောင်းများ ယာယီပိတ်ထား

၁၀၊ စက်တင်ဘာ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင်၊ အိန္ဒိယနယ်စပ်မှာ စစ်ဘေးရှောင်စာသင်ကျောင်းတစ်ကျောင်းကိုနယ်မြေ လုံခြုံရေးအခြေနေကြောင့် ယနေ့ စက်တင်ဘာလ ၁၀ရက်ကစပြီး ယာယီပိတ်ထားတယ်လို့ ကျောင်းကော်မတီများကပြောပါတယ်။

“ကျွန်တော်တို့ကျောင်းက ၃နေရာမှာ စစ်ဘေးခိုလှုံနေတဲ့ ကလေးတွေ လာတက်ကြတာဆိုတော့ ကလေးတွေရဲ့ လုံခြုံရေး စိုးရိမ်ရလို့ ယာယီပိတ်ထားကြတာပါ။ ပိတ်တာက တပါတ်ပိတ်မှာပါ။ အဲ့လောက်ဆို လုံခြုံရေး စိတ်ချနိုင်တော့မှာပါ” လို့ ကျောင်းတာဝန်ရှိသူ တစ်ဦးက Zalen ကိုပြောပါတယ်။

ယခုရက်ပိုင်း မြန်မာပြည်မှာ ခိုလှုံနေတဲ့ ကသည်းလက်နက်ကိုင်များ အိန္ဒိယနယ်ဘက်ကို စိမ့်ဝင်လာ တာကြောင့် လုံခြုံရေးအထူးသတိထားဖို့နဲ့ တောတောင်ထဲ သွားလားခြင်း မပြုလုပ်ကြဖို့ ကျေးရွာ ဥက္ကဌ များက အသိပေးထားတယ်လို့ ဒေသခံများက ပြောပါတယ်။

ယခုလ ၆ရက်နေ့က မြန်မာပြည်ဘက်ကနေ အိန္ဒိယဘက်ကို စိမ့်ဝင်လာတဲ့ ကသည်းလက်နက်ကိုင်များနဲ့ ကူကီး ဘော်လန်တီယာ များထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၇ ရက်နေ့က တောတောင်ထဲ မြစ်ချိုးသွားတဲ့ အသက် ၄၇အရွယ် အိန္ဒိယကျေးရွာက အမျိုးသားတစ်ဦးကို ၎င်းကသည်းလက်နက်ကိုင်များက ပစ်သတ်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။

သတင်း – PR

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်