လုံခြုံရေး အခြေနေကြောင့် မဏီပူရ်ပြည်နယ်က စစ်ဘေးရှောင်ကျောင်းများ ယာယီပိတ်ထား

၁၀၊ စက်တင်ဘာ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင်၊ အိန္ဒိယနယ်စပ်မှာ စစ်ဘေးရှောင်စာသင်ကျောင်းတစ်ကျောင်းကိုနယ်မြေ လုံခြုံရေးအခြေနေကြောင့် ယနေ့ စက်တင်ဘာလ ၁၀ရက်ကစပြီး ယာယီပိတ်ထားတယ်လို့ ကျောင်းကော်မတီများကပြောပါတယ်။

“ကျွန်တော်တို့ကျောင်းက ၃နေရာမှာ စစ်ဘေးခိုလှုံနေတဲ့ ကလေးတွေ လာတက်ကြတာဆိုတော့ ကလေးတွေရဲ့ လုံခြုံရေး စိုးရိမ်ရလို့ ယာယီပိတ်ထားကြတာပါ။ ပိတ်တာက တပါတ်ပိတ်မှာပါ။ အဲ့လောက်ဆို လုံခြုံရေး စိတ်ချနိုင်တော့မှာပါ” လို့ ကျောင်းတာဝန်ရှိသူ တစ်ဦးက Zalen ကိုပြောပါတယ်။

Zalen ad

ယခုရက်ပိုင်း မြန်မာပြည်မှာ ခိုလှုံနေတဲ့ ကသည်းလက်နက်ကိုင်များ အိန္ဒိယနယ်ဘက်ကို စိမ့်ဝင်လာ တာကြောင့် လုံခြုံရေးအထူးသတိထားဖို့နဲ့ တောတောင်ထဲ သွားလားခြင်း မပြုလုပ်ကြဖို့ ကျေးရွာ ဥက္ကဌ များက အသိပေးထားတယ်လို့ ဒေသခံများက ပြောပါတယ်။

ယခုလ ၆ရက်နေ့က မြန်မာပြည်ဘက်ကနေ အိန္ဒိယဘက်ကို စိမ့်ဝင်လာတဲ့ ကသည်းလက်နက်ကိုင်များနဲ့ ကူကီး ဘော်လန်တီယာ များထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၇ ရက်နေ့က တောတောင်ထဲ မြစ်ချိုးသွားတဲ့ အသက် ၄၇အရွယ် အိန္ဒိယကျေးရွာက အမျိုးသားတစ်ဦးကို ၎င်းကသည်းလက်နက်ကိုင်များက ပစ်သတ်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။

သတင်း – PR

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်