လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ တွန်းဇံကောင်စီ ကြေညာ၊ ဒေသခံများမကျေနပ်

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းသွားမယ်လို့ CDF-တွန်းဇံဇိုတပ်ဖွဲ့ နဲ့ ချင်းလဲန်ကောင်စီ (CC) တပ်ပေါင်းစုအတွက် တွန်းဇံမြို့နယ်ကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။

တွန်းဇံမြို့နယ်အတွင်း နေထိုင်တဲ့သူတွေ၊ ဒါမှမဟုတ် မြို့နယ်ထဲကို ရောက်ရှိနေတဲ့ အသက် ၁၆ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ကစပြီး စုဆောင်းသွားမယ်လို့ ကြေညာထားပါတယ်။

Zalen ad

“CDF-တွန်းဇံဇိုတပ်ဖွဲ့ဟာ ၂၀၂၅ ခုနှစ် ဇွန်လကနေ ဒီနှစ်ဖေဖော်ဝါရီ ၂၂ ရက်ထိ အတင်းအဓမ္မစစ်သားစုဆောင်းဖမ်းဆီးတာ သုံးကြိမ်ရှိပြီလို့ ‌ေဒသခံတွေထံကသိရတယ်။

ပထမအကြိမ်က ၂၀၂၅ ဇွန်လ နဲ့ ဇူလိုင် လ မှာ ၅၅ ယောက်ဖမ်းဆီးစုဆောင်းပြီး CNA မှာသင်တန်းတက်တယ် လို့ သတင်းရတယ်။ နေအိမ်ထဲထိဝင်ပြီးအတင်းအဓမ္မဝင်ဖမ်းတယ်။

ဒုတိယအကြိမ်က ၂၀၂၆ ၊ မတ်လ ၁၉ ၊ ၂၀ ၊ ရက်မှာ လူငယ် ၂၀ ထက်မနည်းဖမ်းတယ်။ Lungtah ရွာ ရယ်၊ ဖိုင်တူ ရွာ ရယ်၊ ပြီးတော့ An Lun ရွာ လို့ကြားရပါတယ်။ ၁၉ ရက်နေ့က An Lun ရွာဘက်မှာဖမ်း ပြီး ၂၀ ရက်မှာ Lung tah ဖိုင်တူ မှာဖမ်းတယ်။ တတိယအကြိမ်ကတော့ ၂၀၂၆ ဖေဖော်ဝါရီ ၂၂ ရက်မှာလည်း တွန်းဇံမြို့နယ် တုန်းတွောင်ရွာ မှာ ည ၈ နာရီကထပ်မံဖမ်းစီးမှုပြုလုပ်နေတယ်။ ဒီဟာကို ရွာသားတွေမကျေနပ်လို့ အသံတိတ်သပိတ်လုပ်ဖို့လည်းစီစဥ်တယ်။” လို့ တွန်းဇံမြို့နယ်‌ေဒသခံတစ်ဦးက Zalen ကိုသတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချင်းလဲန်ကောင်စီ (CC) နဲ့ ချင်းညီနောင်တပ်ဖွဲ့ (CB) တပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်အတွင်း လွတ်မြောက်နယ်မြေတွေကို ပြန်လည်ရယူဖို့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကြောင်းတွေဟာ စစ်ကိုင်းတိုင်း၊ ကလေး မြို့ကနေ စတင်ထိုးစစ်ဆင်လာပြီး သိုင်းငင်းနဲ့ ဝေဘူလမ်းကြောင်းတွေကတဆင့် ဖလမ်းမြို့အနီးထိ ရောက်ရှိလာပြီလို့လည်း ဆိုထားပါတယ်။

ဒီအခြေအနေတွေကြောင့် ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Defense Coordination Team (DCT) ရဲ့ ဆုံးဖြတ်ချက်အရ တွန်းဇံမြို့နယ်ကောင်စီ ဦးဆောင်ကော်မတီ လမ်းညွှန်မှုနဲ့ တပ်သားသစ်စုဆောင်းရေးကို စတင်သွားမယ်လို့ သိရပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်