လေယာဉ်နဲ့ လာပစ်မည်ဟု စစ်တပ်က CDF ကို ခြိမ်းခြောက်

မြေပြင်က ကြည်းတပ်ကို အသုံးပြုပြီး တိုက်ခိုက်မှုများအောင်မြင်စွာ မလုပ်နိုင်သော စစ်တပ်ဟာ လေယာဉ်ကို အားကိုးပြီး တိုက်ခိုက်ခိုက်မှုများ ခုနောက်ပိုင်း ပိုပြီး လုပ်လာပါတယ်။ မကြာသေးခင်ကလည်း ဖလမ်းမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့မှာလည်း ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များကို အသုံးပြုပြီး တိုက်ခိုက်မှုများကိုလည်း ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့က ရန်သူတွေ ဆိုပေမယ့် နှစ်ဘက်ဆက်သွယ်မှုတော့ အမြဲတမ်း လုပ်ထားတယ်။ ခုနောက်ပိုင်းတော့ သူတို့က လေယာဉ်နဲ့ လာပစ်တော့မယ် ဆိုပြီး ခြိမ်းခြောက်မှု လုပ်လာတယ်” ဟု မတူပီမြို့နယ် CDF ရဲဘော်တစ်ဦးက ပြောပါတယ်။

ယခင်က မတူပီမြို့နယ်တွင် လေယာဉ်ဖြင့် ကင်းလှည့်ခြင်းနှင့် စစ်ယာဉ်တန်းကို လုံခြုံရေးပေးခြင်းများကို ရဟတ်ယာဉ်ဖြင့် ပြုလုပ်ခဲ့တာတွေလည်းရှိကြောင်း ထိုရဲဘော်က ပြေပါတယ်။

ချင်းပြည်နယ် ၊ မတူပီမြို့မှာ ပြီးခဲ့တဲ့အပတ်မှာ စစ်ကောင်စီ တပ်သား နှစ်ယောက် ထပ်မံထွက်ပြေးခဲ့ကြောင်း၊ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား နှစ်ဦးကို စစ်တပ်က မတူပီမြို့အနီး ရှာဖွေမှုများလည်း ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။ သို့သော်လည်း ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားနှစ်ဦးနဲ့ ပတ်သက်ပြီး CDF-Matupi ကတော့ တစ်စုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်