ဟားခါးတွင် ၂ တန်းကျောင်းသူတစ်ယောက်နဲ့ လူငယ်နှစ်ယောက်တို့က ပန်းချီပြပွဲကျင်းပမယ်

ဟားခါးမြို့တွင် Art Generation ပန်းချီပြပွဲကို ၂ တန်းကျောင်းသူတစ်ယောက်နဲ့ လူငယ်နှစ်ယောက်ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၁ ရက်ကနေ ၁၃ ရက်ထိကျင်းပမယ်လို့ သတင်းရှိပါတယ်။
Art Generation ပန်းချီပြပွဲဦးဆောင်သူ Salai Rung Cin Thang က “ကျနော့်ဆီမှာ ပန်းချီလာသင်တဲ့ လူငယ်တစ်ယောက်နဲ့ ၂ တန်းအရွယ်ကလေးတစ်ယောက်ရဲ့ ပန်းချီတွေကို ပြသသွားမှာဖြစ်တယ်။ ပန်းချီပြပွဲပြုလုပ်ရခြင်းက ချင်းတောင်တန်းရဲ့အလှ၊ လှပြတဲ့ချင်းယဉ်ကျေးမှုတွေဖော်ထုတ်ချင်လို့ပါ။ ပန်းချီကိုလည်း ဝယ်ချင်တဲ့သူရှိရင် ရောင်းမယ်။ စိတ်ဝင်စားတဲ့သူတိုင်း လာကြည့်လို့ရပါတယ်” လို့ပြောပါတယ်။

ပန်းချီပြပွဲကို ဟားခါးမြို့ Amazon ကိုယ်ပိုင်ကျောင်းတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်းဝင်ရောက်အားပေးနိုင်ပါတယ်။

ပြပွဲတွင် ပန်းချီကာ (၇၃) ပုံ ပြသသွားမှာဖြစ်ပြီး အများစုက out door ပုံတွေဖြစ်ပါတယ်။

(Zawgyi)

ဟားခါးတြင္ ၂ တန္းေက်ာင္းသူတစ္ေယာက္နဲ႔ လူငယ္ႏွစ္ေယာက္တို႔က Art Generation ပန္းခ်ီျပပြဲက်င္းပမယ္

ဟားခါးၿမိဳ႕တြင္ Art Generation ပန္းခ်ီျပပြဲကို ၂ တန္းေက်ာင္းသူတစ္ေယာက္နဲ႔ လူငယ္ႏွစ္ေယာက္ပူးေပါင္းၿပီး ဒီဇင္ဘာလ ၁၁ ရက္ကေန ၁၃ ရက္ထိက်င္းပမယ္လို႔ သတင္းရွိပါတယ္။
Art Generation ပန္းခ်ီျပပြဲဦးေဆာင္သူ Salai Rung Cin က “က်ေနာ့္ဆီမွာ ပန္းခ်ီလာသင္တဲ့ လူငယ္တစ္ေယာက္နဲ႔ ၂ တန္းအရြယ္ကေလးတစ္ေယာက္ရဲ႕ ပန္းခ်ီေတြကို ျပသသြားမွာျဖစ္တယ္။ ပန္းခ်ီျပပြဲျပဳလုပ္ရျခင္းက ခ်င္းေတာင္တန္းရဲ႕အလွ၊ လွျပတဲ့ခ်င္းယဥ္ေက်းမႈေတြေဖာ္ထုတ္ခ်င္လုိ႔ပါ။ ပန္းခ်ီကိုလည္း ဝယ္ခ်င္တဲ့သူရွိရင္ ေရာင္းမယ္။ စိတ္ဝင္စားတဲ့သူတိုင္း လာၾကည့္လို႔ရပါတယ္” လို႔ေျပာပါတယ္။

ပန္းခ်ီျပပြဲကို ဟားခါးၿမိဳ႕ Amazon ကိုယ္ပိုင္ေက်ာင္းတြင္ နံနက္ ၁၀ နာရီမွ ညေန ၅ နာရီအတြင္းဝင္ေရာက္အားေပးႏိုင္ပါတယ္။

ျပပြဲတြင္ ပန္းခ်ီကာ (၇၃) ပံု ျပသသြားမွာျဖစ္ၿပီး အမ်ားစုက out door ပံုေတြျဖစ္ပါတယ္။