ဟားခါးပို့စ်သတင်းစာတိုက်ကို ရဲအင်အား ၃၀ ခန့်က ဝင်ရောက်စီးနှင်ရှာဖွေ

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ချင်း(ဟားခါး)ဘာသာလို့ နေ့စဉ်သတင်းထုတ်ဝေတဲ့ ဟားခါးပို့စ်သတင်းစာတိုက်ကို ဒီမနက် ၁၀း၃၀ အချိန်ကစပြီး ရဲတွေက ရုံးတံခါးဖြတ်ကာ ဝင်ရောက်စီးနှင်ကြတယ်လို့သတင်းရရှိပါတယ်။

ဟားခါးပို့စ်သတင်းစာတိုက်ရုံးဟာ ဟားခါးမြို့လယ် ပြည်တော်သာရပ်ကွက်မှာရှိပါတယ်။

မျက်မြင်တစ်ဦးက “ရဲတွေက ညနေ ၂း၃၀ အချိန်ထိ ဟားခါးပို့စ်ရုံးထဲမှာရှိတုန်း။ သူတို့က ရုံးထဲကပစ္စည်းတွေ စစ်ဆေးကြတယ်ထင်တယ်။ သတင်းထောက်တစ်ယောက်က တက်ကြွလှုပ်ရှားသူထဲမှာ ပါလေ့ရှိတယ်။ ပြီးတော့ အရင်လတုန်းက သူ့ကို ဟားခါး CDM supporter ရဲ့အက်မင်ပါဆိုပြီး လူတစ်ယောက်က လူမှုကွန်ယက်စာမျက်နှာမှာ စွပ်စွဲပြီးရေးသားထားတာလည်းရှိတယ်။ အဲ့ဒါကြောင့် လာစစ်တာလို့ထင်တယ်။ ရုံးထဲမှာတော့ ဘယ်သူမှာမရှိဘူး။ ရုံးမတက်တော့တာကြာပြီ။ ရုံးတံခါးသော့ကို ဖြတ်ပြီးဝင်ကြတာ။ ဟားခါးအခြေစိုက် တခြား သတင်းတိုက်တွေလည်း ရုံးမတက်ကြတော့တာကြာပြီ” လို့ပြောပါတယ်။

Zalen ad

ရဲဝတ်စုံဝတ်ထားသူ ၃၀ ခန့်နဲ့ ကား ၅ စီးနဲ့ ရောက်လာကြတာဖြစ်ပါတယ်။ အဆောက်အအုံးတစ်ခုတွင် ဟားခါးပို့စ်ရုံးနဲ့ ဟားခါးတိုမ်းရုံးရှိပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်