ဟားခါးမြို့တွင် ၂၀၁၅မြေပြိုမှုအထိမ်းအမှတ်အဖြစ် လူ ၅ထောင်ဝင်ဆံ့တဲ့ ခန်းမကြီးတည်ဆောက်မယ်

ဟားခါးမြို့တွင် ၂၀၁၅ ခုနှစ်သဘာဝဘေးဒဏ်အောက်မေ့တဲ့နေနဲ့ လူ ၅ ထောင်ဝင်ဆံ့နိုင်တဲ့ Chin Convention Center ခန်းမကို ကိုဗစ်ကာလပြီးနောက် စတင်တည်ဆောက်တော့မယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ ခန်းမဟာ ဟားခါးသစ်ရပ်ကွက်က ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံမြေနေရာတွင် ပေ ၁၀၀ x ၆၀ အကျယ်အဝန်းနဲ့တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။

ယင်းခန်းမဟာ ပြည်တွင်းပြည်ပမှာနေထိုင်တဲ့ ချင်းနှစ်ခြင်းခရစ်ယာန်အသင်းဝင်တွေရဲ့ အလှူငွေနဲ့ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ (မြန်မာငွေ သိန်း ၃၀၀၀၀)နဲ့တည်ဆောက်မှာဖြစ်ပါတယ်။

ဟားခါးအခြေစိုက် CACC- Chin Association for Christian Communication ရဲ့အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဒေါက်တာ Za That က “၂၀၁၅ ခုနှစ် ဟားခါးမြေပြိုမှုကိုအောက်မေ့သတိရတဲ့အနေနဲ့ ဒီခန်းမကိုတည်ဆောက်ခြင်းဖြစ်တယ်။ ပြီးတော့ ချင်းတောင်မှာအိမ်ဆောက်ရင် အင်္ဂလိပ်ဒီဇိုင်း၊ ဗမာဒီဇိုင်းတွေပဲဆောက်ကြတော့ အခုခန်းမက ချင်းအိမ်ဆောက်တဲ့ဒီဇိုင်းနဲ့ဆောက်မှာပါ။ ချင်းအငွေ့အသက်အများဆုံးပုံဖော်နိုင်တဲ့ဒီဇိုင်းဖြစ်မှာပါ။ ခန်းမထဲမှာတော့ လူ ၃၀၀၀ ဆံ့မယ်။ ခန်းမအပြင်ဘက် ဗာရံဒါမှာတော့ လူ ၂ထောင်လောက်ဝင်ဆံ့မယ်။ ပြီးတော့ ကား အစီး ၂၀၀ လောက်ပါကင်ထိုးနိုင်အောင်လည်းစီစဉ်ထားတယ်” လို့ပြောပါတယ်။

Zalen ad

ခန်းမတည်ဆောက်တဲ့ကာလဟာ ၃ နှစ်မှ ၄ နှစ်အထိကြာမြင့်မှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါလွန်ပြီးနောက် တင်ဒါခေါ်ယူဖို့စီစဉ်ကြပါတယ်။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်