အထက်မင်းလှ PDF က အုပ်ချုပ်မှူး (၇၆) ဦးအား ထိရောက်သော အရေးယူမူ ဆောင်ရွက်မည်ဟု ထုတ်ပြန်

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး (၇၆) ဦးအား နာမည်နဲ့တကွ ဖော်ပြပြီး နိုင်ငံသစ္စာဖောက်အဖြစ် Upper Mihla PDF က ဇွန်လ ၉ ရက် ဒီကနေ့ ထုတ်ပြန်ထားသည်။

 ထို့အပြင် ၎င်းပုဂ္ဂုလ်များနှင့်ပတ်သက်ပြီး ကိုယ်ရေးအချက်လက်များနှင့် ရုပ်ပုံများကိုလည်း စုံစမ်းရရှိထားပြီး၊ သတ်မှတ်ချက်ကာလအတွင်း ပြည်သူလူထုထံ ပူးပေါင်းလာခြင်းမရှိပါက ထိရောက်သော အရေးယူမူ ဆောင်ရွက်မည်ဟု ဆိုသည်။

အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)သည် အထက်မင်းလှမြို့နယ်တွင် မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Southern Magway People ‘s Depends Force)၊ အရှို(ချင်း) ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ACDF)၊Key of Revolution ပျောက်ကြားတပ်ဖွဲ့တို့နှင့်အတူ စစ်ရေးလှုပ်ရှားပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်