အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆
Zalen

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါ ထောက်ပံ့ရေး ရဟတ်ယာဉ်တစီးက ယမန်နေ့ နှင့် ဒီကနေ့ မေလ ၁၅ရက်နေ့ ၊ နှစ်ရက်ဆက်တိုက် လာရောက်ဆင်းသက်ခဲ့ပြီး တပ်သား အင်အားဖြည့်တင်းမှု တွေပြုလုပ်ခဲ့တာလို့ သိရပါတယ်။

” မေလ ၁၄ ရက်နေ့ နေ့ခင်း ၁၁ နာရီအချိန်က တကြိမ်၊ ဒီနေ့ မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှာ တကြိမ် ဆင်းတယ်။ လူ အင်အားဖြည့်တာလို့ကြားတယ်။ ပြီးတော့ 2IC ရဲရင့်ပိုင်ကို ရဟတ်ရင်နဲ့ပြန်ခေါ်တယ်တဲ့” လို့ ဒေသခံ အမျိုးသားတဦးက Zalen ကိုပြောပါတယ်။

Zalen ad

ဆက်လက်ပြီး မကြာမီ အတွင်း ဂန့်ဂေါ ခလရ ၅၀ တပ်ရင်းမှာ တပ်မ (၉၉) ဗျူဟာမှူးကိုယ်တိုင် ဒီရက်ပိုင်းအတွင်း ရောက်ရှိလာမယ်လို့ သတင်းကြားထားတယ်လို့ သူက ရှင်းပြပါတယ်။

ယောဒေသ ဂန့်ဂေါ နဲ့ ထီးလင်းကို စစ်ကောင်စီက လေကြောင်းကနေ လူအင်အား ၊ရိက္ခာတွေ ဖြည့်တင်းပေးခဲ့ပြီး ကျောက်ထု ၊ ဆောနယ်တွေကိုတော့ မြေပြင်ကနေ စစ်ကြောင်းထိုး နေတာဖြစ်ပါတယ်။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်