အလုပ်အကိုင်ရှားပါးမှုကြောင့် စစ်ဘေးရှောင်အချို့ ဘိန်းခင်းတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြရ

မတ်  ၂၊  ၂၀၂၆

Zalen

Zalen ad

အလုပ်အကိုင်းရှားပါးလာနေတာကြောင့် စစ်ဘေးရှောင်အချို့ ချင်းပြည်နယ် အချို့ဒေသများရှိ ဘိန်းစိုက်ခင်းများတွင် သွားရောက် အလုပ် လုပ်ကိုင်နေကြရတယ်လို့ ဘိန်းခင်းတွင် အလုပ်သွားရောက်လုပ်ကိုင်နေကြသူများထံမှ သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် စစ်ကိုင်းတိုင်းတမူးခရိုင်အတွင်းရှိ‌ ဒေသခံပြည်သူများဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အလုပ်အကိုင်ရှားပါးမှုနဲ့ ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

အခုနေရပ်စွန့်ခွာထွက်ပြေး‌ခဲ့ကြရတဲ့ပြည်သူများဟာ အလုပ်အကိုင်ရှားပါးလာတာကြောင့် ချင်းပြည်နယ် အချို့ဒေသများရှိ ဘိန်းစိုက်ခင်းများတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။

” စားဝတ်နေရေးအတွက်က ရရာအလုပ်ရှာဖွေလုပ်ကိုင်နေကြရတာပါ။ ဘိန်းဆိုတာ မကောင်းမှန်းတော့သိတာပေါ့ဗျ။ တဘက်မှာက ဝမ်းစာ၊ စားရေးဝတ်ရေးကရှိသေးတယ်လေး။ ဒီတိုင်းနေရင်လည်း ဘယ်သူကမှ အလကားအမြဲတမ်းကြီးထောက်ပံ့မှာမဟုတ်ဘူးဗျ။ ဒါကြောင့် ရရာအလုပ် လုပ်ကိုင်နေကြရတာဘဲဗျ” လို့ ဘိန်းစိုက်ခင်းတွင် နေ့စား သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတဦးက Zalen ကိုပြောပါတယ်။

အဲ့ဒီလို အလုပ်အကိုင်ရှားပါးမှုကြောင့် ဘိန်းစိုက်ခင်းများတွင် အမျိုးသမီး၊ အမျိုးသားများ သွားရောက်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။

” နေ့စားက စရိတ်ငြိမ်း ၁၇,၀၀၀ရတယ်၊ တနှစ်အပြတ်ဆို သိန်း ၃၀ ကျော်ပေးပါတယ်။ နိုင်ငံခြားသွားတဲ့သူက သွားကြပါတယ်။ မသွားနိုင်တဲ့သူတွေက ဘိန်းစိုက်ခင်းမှာဘဲ နေ့စားနဲ့ သွားရောက်အလုပ် လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုနေကြရတာပါ” ‌လို့ နောက်ထပ် အလုပ်သမားတဦးက ပြောပါတယ်။

အဲ့ဒီလိုအလုပ်အကိုင်ရှားပါမှု‌ကြောင့် ချင်းပြည်နယ် အချို့ဒေသများရှိ ဘိန်းစိုက်ခင်းများတွင် နေရာစုံကနေ သွားရောက်အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား ရာနဲ့ချီရှိနေပြီး အိန္ဒိယ-မြန်မာနယ်စပ်မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်များပါဝင်နေသလို တမူးမြို့နယ်အတွင်း ကျေးရွာအချို့က ဒေသခံပြည်သူတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။

သတင်း – Slp

ပုံစာ – ဘိန်းစိုက်ခင်းအားတွေ့ရစဉ်။

ဓာတ်ပုံ – လူမှုကွန်ယက်

#အလုပ်အကိုင်ရှားပါးမှု#စစ်ဘေးရှောင်#ဘိန်းခင်း#Zalen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်