အာဏာသိမ်းစစ်ကောင်စီတပ်က တစ်နှစ်အတွင်း ကလေးမြို့နယ်ကပြည်သူ ၁၀၀ ကျော်သတ်ဖြတ်

စစ်တပ်ကအာဏာသိမ်းပြီးနောက် ကလေးမြိ့နယ်မှာ စစ်တပ်ကအရပ်သားပြည်သူ ၁၀၀ ကျော်သတ်ဖြတ်ကြပြီလို့ ကလေးပင်မသပိတ်ကော်မတီရဲ့ စာရင်းထုတ်ပြန်ချက်အရသိရတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ၂၀၂၁ ခုနှစ် မတ်လကစပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ကလေးမြို့နယ်မှာ အရပ်သားပြည်သူ ၁၁၃ ဦးကို နည်းနည်းအမျိုးမျိုးနဲ့သတ်ဖြတ်တယ်လို့သိရတယ်။

သတ်ဖြတ်ခံရတဲ့သူတွေထဲမှာ အသက်မပြည့်တဲ့ကလေး ၂ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ စစ်ကြောရေးမှာ သေဆုံးသူ ၅ ဦးလည်းပါဝင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးမြို့မှာ ဖေဖော်ဝါရီ ၇ ရက်ကစပြီး ပြည်သူတွေ အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်ကြပါတယ်။

Zalen ad

မတ်လ ၃ ရက်တွင် လမ်းဆုံမှဆန္ဒပြနေတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက အကြမ်းဖက်နိင်နှင်တာကြောင့် ကိုဇင်မျိုးမောင်ဟာ ကျည်ထိဒဏ်ရာနဲ့ဆေးရုံမှာ ကျဆုံးသွားပါတယ်။

ဒါ့ပြင် မတ်လ ၂၈ ရက်တွင် တာဟန်းခံတပ်ကပြည်သူတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့အကြမ်းဖက်ဖြိုခွင်းတာကြောင့် ပြည်သူ ၅ ဦးကျဆုံးပြီး ဧပြီလ ၇ ရက်တွင် တာဟန်းခံတပ်ကို ထပ်မံဖြိုခွင်းခံရတာကြောင့် ပြည်သူ ၁၁ ဦး လက်နက်ကြီး လက်နက်ငယ်ထိမှန်ပြီးကျဆုံးကြပါတယ်။

Zawgyi








နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်