အာဏာသိမ်းစစ်ကောင်စီတပ်ထောင်ထားတဲ့ နင်းမိုင်း ၂ ကြိမ်ပေါက်ကွဲ၍ ကားနဲ့ ဆိုင်ကယ်ထိခိုက်ပျက်စီး

ချင်းပြည်နယ်၊ မင်းတပ် နဲ့ မတူပီကြားကားလမ်းဘေးတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ထောင်ထားတဲ့ နင်းမိုင်း ၂ ကြိမ်ပေါက်ကွဲလို့ ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီးထိခိုက်ပျက်စီးသွားတယ်လို့သတင်းရရှိပါတယ်။

မင်းတပ်-မတူပီကြား မိုင် ၃ဝလမ်းခွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်တွေထောင်ထားတဲ့ နင်းမိုင်းကို နိုဝင်ဘာလ ၁၁ ရက်က ဒေသခံနှစ်ဦးမောင်နှင်လာတဲ့ဆိုင်ကယ်ကိုထိမိပြီး ဆိုင်ကယ်ပျက်စီးသွားပါတယ်။ လူတွေထိခိုက်တာမရှိဘူးလို့သိရတယ်။

ပြီးတော့ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း မတူပီ-မင်းတပ်ကြား ၁၆ မိုင်လမ်းခွဲတွင်လည်း ကားတစ်စီးဖြတ်သွားစဉ် နင်းမိုင်းတစ်လုံးထပ်မံပေါက်ကွဲလို့ ကားထိခိုက်သွားပြီး လူတွေထိခိုက်တာတော့မရှိဘူးလို့သိရတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မတူပီနဲ့ မင်းတပ်ကြားလမ်းတွင် နှစ်ပတ်နီးပါးကြာပြီး မနေ့ နိုဝင်ဘာ ၁၂ ရက်က မင်းတပ်ကနေ ပခုက္ကူဘက်သို့ပြန်ဆင်းကြပါတယ်။ ဒီမနက်တွင် ကျောက်ထုလေယာဉ်ကွင်းမှ ပခုက္ကူသို့ ဆက်လက်ထွက်ခွာကြပြီး ကားပေါ်တွင် စစ်သားအနည်းငယ်သာလိုက်ပါကြပါတယ်။ စစ်ကားအများစုတွင် မင်းတပ်မြို့နယ်ကပြည်သူပိုင်ပစ္စည်းတွေခိုးယူသွားတဲ့ ဆိုင်ကယ်၊ ဆိုလာပြား၊ ဘက်ထရီအိုး၊ ပျဉ်ချောင်းများ၊ စာပွဲများ၊ ပရိဘောဂပစ္စည်းများ၊ ချင်းရိုးရာပစ္စည်းများတင်ဆောင်ကြပါတယ်။

ဆက်လက်ပြီး ယနေ နိုဝင်ဘာ ၁၃ ရက်မနက်ပိုင်းက ပခုက္ကူမြို့နယ် ကမ္မဖက်တွင် စစ်ရှောင်နေကြတဲ့ မင်းတပ်လူငယ် ၃ ဦးအပါအဝင်လူငယ် ၅ ဦးကို စစ်ဘေးရှောင်နေအိမ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးကြိတ်ပြီး ဖမ်းဆီးသွားကြတယ်လို့ သိရတယ်။ အိမ်ထဲက ငွေ ၅ သိန်းနဲ့ ဆိုင်ကယ် ၃ စီးယူဆောင်သွားပါတယ်။

မင်းတပ်မြို့နယ် တောင့်တက်ရွာမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ရွာသားအချို့ကို အတင်းအဓမ္မ ဆန်စက်အတွင်းရှိ ဆန်အိတ်များကို သယ်ခိုင်းကြပါတယ်။

Zawgyi

အာဏာသိမ္းစစ္ေကာင္စီတပ္ေထာင္ထားတဲ့ နင္းမိုင္း ၂ ၾကိမ္ေပါက္ကြဲ၍ ကားနဲ႔ ဆိုင္ကယ္ထိခိုက္ပ်က္စီး

ခ်င္းျပည္နယ္၊ မင္းတပ္ နဲ႔ မတူပီၾကားကားလမ္းေဘးတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္က ေထာင္ထားတဲ့ နင္းမုိင္း ၂ ၾကိမ္ေပါက္ကြဲလို႔ ကားတစ္စီးနဲ႔ ဆိုင္ကယ္တစ္စီးထိခိုက္ပ်က္စီးသြားတယ္လုိ႔သတင္းရရွိပါတယ္။

မင္းတပ္-မတူပီၾကား မိုင္ ၃၀လမ္းခြဲတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြေထာင္ထားတဲ့ နင္းမုိင္းကို ႏိုဝင္ဘာလ ၁၁ ရက္က ေဒသခံႏွစ္ဦးေမာင္ႏွင္လာတဲ့ဆုိင္ကယ္ကိုထိမိၿပီး ဆုိင္ကယ္ပ်က္စီးသြားပါတယ္။ လူေတြထိခိုက္တာမရွိဘူးလို႔သိရတယ္။

ၿပီးေတာ့ ႏိုဝင္ဘာ ၁၂ ရက္ေန႔ကလည္း မတူပီ-မင္းတပ္ၾကား ၁၆ မိုင္လမ္းခြဲတြင္လည္း ကားတစ္စီးျဖတ္သြားစဥ္ နင္းမုိင္းတစ္လံုးထပ္မံေပါက္ကြဲလုိ႔ ကားထိခိုက္သြားၿပီး လူေတြထိခိုက္တာေတာ့မရွိဘူးလုိ႔သိရတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ မတူပီနဲ႔ မင္းတပ္ၾကားလမ္းတြင္ ႏွစ္ပတ္နီးပါးၾကာၿပီး မေန႔ ႏိုဝင္ဘာ ၁၂ ရက္က မင္းတပ္ကေန ပခုကၠဴဘက္သို႔ျပန္ဆင္းၾကပါတယ္။ ဒီမနက္တြင္ ေက်ာက္ထုေလယာဥ္ကြင္းမွ ပခုကၠဴသို႔ ဆက္လက္ထြက္ခြာၾကၿပီး ကားေပၚတြင္ စစ္သားအနည္းငယ္သာလုိက္ပါၾကပါတယ္။ စစ္ကားအမ်ားစုတြင္ မင္းတပ္ၿမိဳ႕နယ္ကျပည္သူပိုင္ပစၥည္းေတြခိုးယူသြားတဲ့ ဆုိင္ကယ္၊ ဆိုလာျပား၊ ဘက္ထရီအိုး၊ ပ်ဥ္ေခ်ာင္းမ်ား၊ စာပြဲမ်ား၊ ပရိေဘာဂပစၥည္းမ်ား၊ ခ်င္းရိုးရာပစၥည္းမ်ားတင္ေဆာင္ၾကပါတယ္။

ဆက္လက္ၿပီး ယေန ႏိုဝင္ဘာ ၁၃ ရက္မနက္ပိုင္းက ပခုကၠဴၿမိဳ႕နယ္ ကမၼဖက္တြင္ စစ္ေရွာင္ေနၾကတဲ့ မင္းတပ္လူငယ္ ၃ ဦးအပါအဝင္လူငယ္ ၅ ဦးကို စစ္ေဘးေရွာင္ေနအိမ္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္က ထိုးၾကိတ္ၿပီး ဖမ္းဆီးသြားၾကတယ္လို႔ သိရတယ္။ အိမ္ထဲက ေငြ ၅ သိန္းနဲ႔ ဆုိင္ကယ္ ၃ စီးယူေဆာင္သြားပါတယ္။

မင္းတပ္ၿမိဳ႕နယ္ ေတာင့္တက္ရြာမွာ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြက ရြာသားအခ်ဳိ႕ကို အတင္းအဓမၼ ဆန္စက္အတြင္းရွိ ဆန္အိတ္မ်ားကို သယ္ခိုင္းၾကပါတယ္။

 

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်