အိန္ဒိယနိုင်ငံ မြန်မာစစ်ဘေးရှောင်တွေအတွက် CDM ဆရာဝန်များနဲ့အခမဲ့ဆေးခန်းဖွင့်လှစ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့မှာ မြန်မာစစ်ဘေးရှောင်တွေအတွက် အခမဲ့ဆေးကုနိုင်ဖို့ MSU OPD ဆေးခန်းကို အရပ်ဖက်အဖွဲ့အစည်းတွေကဦးဆောင်ပြီး ဖေဖော်ဝါရီ ၁၂ ရက်က ဖွင့်လှစ်တယ်လို့သတင်းရရှိပါတယ်။

ဆေးခန်းဖွင့်လှစ်ပွဲကို မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် ဒေါက်တာ LR.သျှန်ဆန်းငါ (Dr.LR. Thiamsanga) က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။

အခမဲ့ဆေးခန်းဖွင့်လှစ်နိုင်ဖို့ဦးဆောင်တာဝန်ယူတဲ့အဖွဲ့တွေကတော့ Myanmar Refugee Relief Committee (MRRC), Chin Health Organization (CHO), Mizo Students Union (MSU) နဲ့ BN Hospital တို့ ဖြစ်ပါတယ်။

ဆေးခန်းကို ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင် ဆေးကုသမှာဖြစ်ပြီး ကိုဗစ်ရောဂါအခြေအနေကြောင့် တစ်ရက်မှာ လူနာ ၂၀ သာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ၎င်းဆေးခန်းမှာ မြန်မာနိုင်ငံက CDM ဆရာဝန် ၄ ဦးနဲ့ သူနာပြု ၅ ဦးက တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ မနက် ၁၀ နာရီကနေ နေ့လည် ၁ နာရီထိဖွင့်လှစ်မှာဖြစ်ပါတယ်။

ဆေးခန်းမဖွင့်တဲ့နေ့တွေကို တခြားမြို့က မြန်မာစစ်ဘေးရှောင်စခန်းတွေမှာ အခမဲ့ Mobile Clinic ပြုလုပ်ဖို့စီစဉ်ထားတယ်လို့လည်းသိရတယ်။

Zawgyi

အိႏၵိယႏိုင္ငံ ျမန္မာစစ္ေဘးေရွာင္ေတြအတြက္ CDM ဆရာဝန္မ်ားနဲ႔အခမဲ့ေဆးခန္းဖြင့္လွစ္

အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္ အိုက္ေဇာလ္ၿမိဳ႕မွာ ျမန္မာစစ္ေဘးေရွာင္ေတြအတြက္ အခမဲ့ေဆးကုႏိုင္ဖို႔ MSU OPD ေဆးခန္းကို အရပ္ဖက္အဖြဲ႕အစည္းေတြကဦးေဆာင္ၿပီး ေဖေဖာ္ဝါရီ ၁၂ ရက္က ဖြင့္လွစ္တယ္လို႔သတင္းရရွိပါတယ္။

ေဆးခန္းဖြင့္လွစ္ပြဲကို မီဇိုရမ္ျပည္နယ္ လႊတ္ေတာ္အမတ္ ေဒါက္တာ LR.သွ်န္ဆန္းငါ (Dr.LR. Thiamsanga) က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ခဲ့ပါတယ္။

အခမဲ့ေဆးခန္းဖြင့္လွစ္ႏိုင္ဖို႔ဦးေဆာင္တာဝန္ယူတဲ့အဖြဲ႕ေတြကေတာ့ Myanmar Refugee Relief Committee (MRRC), Chin Health Organization (CHO), Mizo Students Union (MSU) နဲ႔ BN Hospital တို႔ ျဖစ္ပါတယ္။

ေဆးခန္းကို ေဖေဖာ္ဝါရီ ၁၆ ရက္တြင္ စတင္ ေဆးကုသမွာျဖစ္ၿပီး ကိုဗစ္ေရာဂါအေျခအေနေၾကာင့္ တစ္ရက္မွာ လူနာ ၂၀ သာၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။ ၎ေဆးခန္းမွာ ျမန္မာႏိုင္ငံက CDM ဆရာဝန္ ၄ ဦးနဲ႔ သူနာျပဳ ၅ ဦးက တနလၤာ၊ ဗုဒၶဟူး၊ ေသာၾကာေန႔ မနက္ ၁၀ နာရီကေန ေန႔လည္ ၁ နာရီထိဖြင့္လွစ္မွာျဖစ္ပါတယ္။

ေဆးခန္းမဖြင့္တဲ့ေန႔ေတြကို တျခားၿမိဳ႕က ျမန္မာစစ္ေဘးေရွာင္စခန္းေတြမွာ အခမဲ့ Mobile Clinic ျပဳလုပ္ဖို႔စီစဥ္ထားတယ္လို႔လည္းသိရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်