အိန္ဒိယမှာ လေယာဉ်ပျက်ကျလို့ Maharashtra ပြည်နယ် ဒုဝန်ကြီးချူပ် အပါအဝင် ငါးဦးသေဆုံး

ဇန်နဝါရီ ၂၉၊ ၂၀၂၆။

Zalen

အိန္ဒိယနိုင်ငံမှာ လေယာဉ်ပျက်ကျလို့ Maharashtra ပြည်နယ် ဒု-ဝန်ကြီးချူပ်အပါအဝင် လိုက်ပါလာသူ ၅ဦးလုံး သေဆုံးသွားတယ်လို့ အိန္ဒိယသတင်းများတွင် ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၂၈ရက်နေ့က Maharashtra ဒုဝန်ကြီးချူပ်ဟာ စင်းလုံးငှါးလေယာဉ် Learjet နဲ့ Mumbai မြို့ ကနေ Baramati ကို ထွက်ခွာနေစဉ် ဒေသစံတော်ချိန် မနက် ၈နာရီ ၄၅ မိနစ်ခန့်မှာ အခုလိုလေယာဉ်မတော်တဆ ပေါက်ကွဲ ခဲ့ပြီး ပျက်ကျသွားတာ ဖြစ်ပါတယ်။

Zalen ad

အခုလို လေယာဉ်ပျက်ကျမှုတွင် Maharashtra ပြည်နယ် ဒု-ဝန်ကြီးချူပ် Ajit Pawar အပါအဝင် သူနဲ့လိုက်ပါလာတဲ့ ၄ ဦးလည်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး အိန္ဒိယ လေကြောင်းလိုင်းဌာန (DGCA)မှ တာဝန်ရှိသူများနဲ့ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ များက အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ပြီး လေယာဉ်ပျက်ကျရခြင်းရဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သတင်း – PR

ပုံစာ – ပျက်ကျသွားတဲ့ လေယာဉ်အပျက်အဆီးနဲ့ ဒု-ဝန်ကြီးချူပ် Ajit Pawar အားတွေ့ရစဉ်။

ဓာတ်ပုံ – အိန္ဒိယသတင်း

#နိုင်ငံတကာသတင်း#အိန္ဒိယ#လေယာဉ်ပျက်ကျ#Zalen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်