အိန္ဒိယ၊ နာဂပြည်နယ်ကလည်း မြန်မာဒုက္ခသည်တွေကို ကြိုဆို

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ နာဂပြည်နယ်ကလည်း မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှုအရင်းခံနဲ့ စောင့်ရှောက်မယ်လို့ နာဂပြည်နယ် ဝန်ကြီးချုပ် Neiphiu Rio ကပြောပါတယ်။

ဝန်ကြီးချုပ် Neiphiu Rio ရဲ့ပါတီဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ BJP ပါတီတို့နဲ့ မဟာမိတ်ဖြစ်ပေမယ့် ဗဟိုအစိုးရရဲ့ညွှန်ကြားချက်ကို ဆန့်ကျင်ပြီး မြန်မာ ဒုက္ခသည်တွေကိုကြိုဆိုခြင်းဖြစ်ပါတယ်။

ဝန်ကြီးချုပ် Neiphiu Rio က “ဗုဒ္ဓဟူးနေ့ (ဧပြီ ၇)က အစိုးရအဖွဲ့ဝင်တွေအစည်းအဝေးမှာ ဒီအကြောင်းကို ဆွေးနွေးကြတယ်။ ကျနော်တို့တွက် ဒါကပြဿနာမဖြစ်ဘူး။ တချို့လူတွေကို နယ်စပ်ကိုဖြတ်ပြီး ဒီဘက်မှာ ဆေးကုသတာတို့၊ မင်္ဂလာဆောင်ပွဲလာရောက်ဆင်နွှဲတာတို့၊ သူတို့ရဲ့ နေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေလာဝယ်ကြတာတွေရှိတယ်။ ပြီးတော့ ပြန်သွားကြတာပဲ။ ဒါက ဒုက္ခသည်လို့လည်း မခေါ်ထိုက်ဘူး” လို့ Times of India ကိုပြောပါတယ်။

Zalen ad

Neiphiu Rio ဟာ နာဂပြည်နယ် ဝန်ကြီးချုပ်ရာထူးကို ၃ ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မဏီပူရ်ပြည်နယ်၊ နာဂပြည်နယ်တွေကို ဗဟိုအစိုးရရဲ့ မြန်မာဒုက္ခသည်တွေပြန်လည်နှင်ထုတ်ဖို့ညွှန်ကြားချက်ကို ဆန့်ကျင်ကာ မြန်မာဒုက္ခသည်တွေကိုကြိုဆိုဖို့ဆုံးဖြတ်ကြခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

အိန္ဒိယက အိမ်ရှင်မတွေ သူတို့ကို အလုပ်ဖြုတ်မယ့် AI ကို ပြန်လည်လေ့ကျင့်ပေးနေရ

ဇွန် ၁၁၊ ၂၀၂၆Zalen အနာဂတ်မှာ လူတူစက်ရုပ်တွေက အိမ်မှုကိစ္စအဝဝကို လူသားတွေအတိုင်း လိုက်လုပ်ပေးနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံက ထောင်နဲ့ချီတဲ့ အိမ်ရှင်မတွေဟာ သူတို့ရဲ့နဖူးမှာ ကင်မရာတွေ၊ စမတ်ဖုန်းတွေပတ်ပြီး AI စနစ်တွေကို လက်တွေ့လေ့ကျင့်ပေးနေကြပါတယ်။ အသက် ၂၅ နှစ်အရွယ် ...

ဆက်ဖတ်ရန်