
ဇွန် ၁၁၊၂၀၂၆
Zalen
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဇွန်လ ၈ ရက် ၊ နေ့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကျည် ထိမှန်လို့ အရပ်သား အမျိုးသား တဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။
အဆိုပါ ဒဏ်ရာရရှိတဲ့သူကတော့ ဆွံ့အ နားမကြား တဦးဖြစ်ပြီး ဉယျာဉ်ခြံတနေရာမှာ အလုပ်လုပ်နေထိုင်ထိုင်သူလို့ သိရပါတယ်။
” ဦးဝမ္မသူးမောင်း ပန်းခြံအောက်မှာ။ လက်နက်ကြီး ကျည်ထိတာက ဘောင် အရိုးကျိုးသွားတယ်။အခုတော့ အဖြေ မသိရသေဘူး” လို့ ဒေသခံတဦးZalen ကိုပြောပါတယ်။

လက်နက်ကြီးကျည်ထိတဲ့အမျိုးသားတဦးကတော့ အသက် ၃၄ နှစ်အရွယ် ၊ ဦးဂေလွေ လို့သိရပြီး ၊လက်ရှိအချိန်မှာ နီးစပ်ရာဆေးခန်းကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
မင်းတပ် မြို့နယ် ကိုတော့ ပြီးခဲ့တဲ့ မေလ ကုန်တုန်းက အင်အားထောင်ချီတဲ့ စစ်ကောင် စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုး ၀င်ရောက်ခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်း ထန် နေတယ်လို့ သိရပါတယ်။
သတင်း – မိုးပီအောင်
ဓာတ်ပုံ-HKL






