မြန်မာ့မြေရှားဒြပ်စင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ အိန္ဒိယနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ သဘောတူ

ဇွန် ၂၊ ၂၀၂၆
Zalen

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ဦးမင်းအောင်လှိုင်တို့ဟာ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အရေးပါတဲ့ တွင်းထွက်သတ္တုတွေနဲ့ ‌မြေရှားဒြပ်စင် (Rare Earth) ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒါဟာ အာရှဒေသတွင်းမှာ အိန္ဒိယရဲ့ သတ္တုတွင်းဆိုင်ရာ သံတမန်ရေးရာ ခြေလှမ်းသစ်တခု ဖြစ်လာသလို၊ အင်အားကြီးနိုင်ငံတွေအကြား ပြိုင်ဆိုင်မှုအသစ် ပြင်းထန်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အတွင်း အခုလို သဘောတူညီချက် ရရှိခဲ့တာပါ။

Zalen ad

အိန္ဒိယဟာ ပြီးခဲ့တဲ့ကာလတွေတုန်းကလည်း ဗီယက်နမ်၊ ဩစတြေးလျ အပြင် Quad မိတ်ဖက်နိုင်ငံတွေနဲ့ တွင်းထွက်သတ္တုဆိုင်ရာ သဘောတူညီချက်တွေ လုပ်ဆောင်ခဲ့ပြီး၊ အခုအခါမှာတော့ ရှားပါးမြေဒြပ်စင်တွေကို စက်မှုကုန်ကြမ်းတစ်ခုတင်မကဘဲ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တခုအဖြစ် ပိုမိုအလေးထား ကြည့်မြင်လာတာကို ပြသနေပါတယ်။

နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံရဲ့ ရှားပါးမြေဒြပ်စင် ကုန်သွယ်မှု ကဏ္ဍကို တရုတ်နိုင်ငံက စိုးမိုးထားခဲ့တာပါ။

အထူးသဖြင့် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကနေ ထွက်ရှိတဲ့ အဖိုးတန် ရှားပါးမြေဒြပ်စင်တွေကို တရုတ်နိုင်ငံဘက်က သန့်စင်စက်ရုံတွေဆီ တင်ပို့ခဲ့ကြတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ဒီကဏ္ဍထဲကို အိန္ဒိယက ခြေလှမ်းစတင် လှမ်းလာပြီလို့ ဆိုရမှာပါ။

Nikkei Asia သတင်းအရ ဝန်ကြီးချုပ် မိုဒီနဲ့ ဦးမင်းအောင်လှိုင်တို့ဟာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် အခုလို မဟာဗျူဟာမြောက် သတ္တုတွင်းလုပ်ငန်းတွေကိုပါ အရှိန်မြှင့်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

Rare Earth Exchanges ရဲ့ အဆင့်သတ်မှတ်ချက်အရ မြန်မာနိုင်ငံမှာရှိတဲ့ ဒေသအချို့ဟာ အဖိုးတန်ပြီး လေးလံတဲ့ မြေရှားဒြပ်စင်တွေ ထွက်ရှိမှုဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။

မြန်မာ့မြေထဲမှာ လျှပ်စစ်ကား (EV) တွေ၊ အဆင့်မြင့် ရိုဘော့နည်းပညာတွေ၊ ဒရုန်းတွေ၊ လေအားလျှပ်စစ် တာဘိုင်တွေနဲ့ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးစနစ်တွေမှာ မရှိမဖြစ် လိုအပ်တဲ့ ဒစ္စပရိုဆီယမ် (Dysprosium) နဲ့ တာဘီယမ် (Terbium) လိုမျိုး အဖိုးတန် သတ္တုဓာတ်တွေ ကြွယ်ဝစွာ ရှိနေတာ ဖြစ်ပါတယ်။

အရင်ကတော့ မြန်မာမှာရှိတဲ့ မြေရှားတွင်းထွက် ပစ္စည်းအားလုံးနီးပါး တရုတ်နိုင်ငံထဲကိုပဲ အဓိက စီးဆင်းခဲ့တာပါ။

တကယ်လို့ အိန္ဒိယအနေနဲ့ အနာဂတ်မှာ ထွက်လာမယ့် ဒီကုန်ကြမ်းတွေရဲ့ တစိတ်တပိုင်းကို ရယူနိုင်ခဲ့မယ်ဆိုရင် ဒါဟာ ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက် စိုးမိုးမှုမှာ အဓိကကျတဲ့ ပထဝီနိုင်ငံရေး အပြောင်းအလဲတခု ဖြစ်လာနိုင်ပါတယ်။

Emily

ကိုးကား – Rare Earth Exchanges

နောက်ဆုံးရသတင်းများ

စစ်ခေါင်းဆောင်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ ကုလားတန်စီမံကိန်း အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ

ဇွန် ၂၊ ၂၀၂၆Zalen စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ဟာ နယူးဒေလီမြို့တော်မှာရှိတဲ့ ဟိုက်ဒရာဘတ်အိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား အဓိကကျတဲ့ ဒေသတွင်းစီမံကိန်းတွေနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေအတွက် သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ...

ဆက်ဖတ်ရန်