အေအေတပ်ဖွဲ့က တစ်နှစ်ကျော်ကြာဖမ်းထားတဲ့ အမှုတော်ဆောင်တစ်ပါး ဒီကနေ့လွတ်မြောက်လာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သံချောင်းကျေးရွာမှာ အမှုတော်ဆောင်တဲ့ ဆရာထွန်းနုဟာ လက်နက်ကိုင် (၅)ဦးက အရင်နှစ် ဇန်နဝါရီလတွင်ဖမ်းဆီးခေါ်ဆောင်ပြီး ဒီနေ့ညနေ (၄)နာရီတွင် ၎င်းနေအိမ်သို့ကျန်းကျန်းမာမာနဲ့ပြန်လည်လွတ်မြောက်လာတယ်လို့ ၎င်းရဲ့မိခင်အသင်းတော်ဖြစ်တဲ့ Believers Church Myanmar ကထုတ်ပြန်ထားပါတယ်။

ဆရာထွန်းနုဟာ ယုံကြည်သူများအသင်းတော်(Believers Church)ရဲ့ ရခိုင်သာသနာပိုင်နယ်တွင် အမှုတော်ဆောင်တစ်ပါးဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက် ည (၈)နာရီခန့်တွင် AA အဖွဲ့ဝင် ငါးဦးက လူကြီးက မေးမြန်းစရာရှိတယ်လို့ဆိုကာ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

Believers Church Myanmar ရဲ့ သာသာနာရေးရာဌာန ဒါရိုက်တာ ပါစတာ နိုင်းဟုန်းက “ဆရာထွန်းနုက ဒီနေ့ သူ့မိသားစုနေအိမ်မှာ ကျန်းကျန်းမာမာနဲ့ပြန်ရောက်လာတယ်ဆိုတာတော့ သေချာတယ်။ သူ့အိမ်ရှေ့မှာ သတင်းထောက်တွေ၊ အစိုးရအာဏာပိုင်းတွေနဲ့ဆိုတော့ သူနဲ့စကားပြောလို့မရ သေးဘူး။ ဒါပေမယ့် သူ့မိန်းမနဲ့တော့ ဖုန်းနဲ့စကားပြောတယ်။ တခြားကိစ္စတွေတော့ ဘာမှမမေးနိုင်သေးဘူး” လို့ပြောပါတယ်။

ဆရာထွန်းနုဟာ ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်လုံးဝမရနိုင်တာကြောင့် အများက သေဆုံးပြီးလို့ယူဆခဲ့ပေမယ့် အခုလို ကျန်းကျန်းမာမာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

Zalen ad

(Zawgyi)

ေအေအတပ္ဖြဲ႕က တစ္ႏွစ္ေက်ာ္ၾကာဖမ္းထားတဲ့ အမႈေတာ္ေဆာင္တစ္ပါး ဒီကေန႔လြတ္ေျမာက္လာ

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ သံေခ်ာင္းေက်း႐ြာမွာ အမႈေတာ္ေဆာင္တဲ့ ဆရာထြန္းႏုဟာ လက္နက္ကိုင္ (၅)ဦးက အရင္ႏွစ္ ဇန္နဝါရီလတြင္ဖမ္းဆီးေခၚေဆာင္ၿပီး ဒီေန႔ညေန (၄)နာရီတြင္ ၎ေနအိမ္သို႔က်န္းက်န္းမာမာနဲ႔ျပန္လည္လြတ္ေျမာက္လာတယ္လို႔ ၎ရဲ႕မိခင္အသင္းေတာ္ျဖစ္တဲ့ Believers Church Myanmar ကထုတ္ျပန္ထားပါတယ္။

ဆရာထြန္းႏုဟာ ယုံၾကည္သူမ်ားအသင္းေတာ္(Believers Church)ရဲ႕ ရခိုင္သာသနာပိုင္နယ္တြင္ အမႈေတာ္ေဆာင္တစ္ပါးျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၉) ရက္ ည (၈)နာရီခန႔္တြင္ AA အဖြဲ႕ဝင္ ငါးဦးက လူၾကီးက ေမးျမန္းစရာရွိတယ္လို႔ဆိုကာ ဖမ္းဆီးေခၚေဆာင္ခဲ့ျခင္းျဖစ္ပါတယ္။

Believers Church Myanmar ရဲ႕ သာသာနာေရးရာဌာန ဒါ႐ိုက္တာ ပါစတာ ႏိုင္းဟုန္းက “ဆရာထြန္းႏုက ဒီေန႔ သူ႔မိသားစုေနအိမ္မွာ က်န္းက်န္းမာမာနဲ႔ျပန္ေရာက္လာတယ္ဆိုတာေတာ့ ေသခ်ာတယ္။ သူ႔အိမ္ေရွ႕မွာ သတင္းေထာက္ေတြ၊ အစိုးရအာဏာပိုင္းေတြနဲ႔ဆိုေတာ့ သူနဲ႔စကားေျပာလို႔မရ ေသးဘူး။ ဒါေပမယ့္ သူ႔မိန္းမနဲ႔ေတာ့ ဖုန္းနဲ႔စကားေျပာတယ္။ တျခားကိစၥေတြေတာ့ ဘာမွမေမးႏိုင္ေသးဘူး” လို႔ေျပာပါတယ္။

ဆရာထြန္းႏုဟာ ဖမ္းဆီးခံရၿပီးေနာက္ အဆက္အသြယ္လုံးဝမရႏိုင္တာေၾကာင့္ အမ်ားက ေသဆုံးၿပီးလို႔ယူဆခဲ့ေပမယ့္ အခုလို က်န္းက်န္းမာမာျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

မီဇိုရမ်မှာ မြန်မာဇနီးမောင်နှံထံကနေ ဘိန်းဖြူများဖမ်းဆီးရမိ

ဇန်နဝါရီ ၂၇ ၊ ၂၀၂၆Zalen မီဇိုရမ်ပြည်နယ်၊ ကော်လစစ်ခရိုင်အတွင်း မြန်မာ ဇနီးမောင်နှံထံကနေ ဘိန်းဖြူများဖမ်းဆီးရမိကြောင်း ဒေသတွင်းသတင်းများက ဒီကနေ့ဖော်ပြထားပါတယ်။ ကော်လစစ်ခရိုင်ရဲတပ်ဖွဲ့နဲ့ Young Mizo Association – YMA များရဲ့ပြောကြားချက်အရ ယမန်နေ့ ဇန်နဝါရီလ ...

ဆက်ဖတ်ရန်